ကလေးငယ်အားဝင်ရောက်တိုက်မိခဲ့ပြီး ဆက်လက်မောင်းနှင် ထွက်ပြေးသွားသောယာဉ် တိမ်းမှောက်၍ လူဒဏ်ရာရရှိမှုများဖြစ်ပွား |
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ချိန် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် အမှတ် (၁၀၆/၂-၃) ၌ ကလေးငယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး ဆက်လက်မောင်းနှင် ထွက်ပြေးသွားသောယာဉ် တိမ်းမှောက်၍ လူ (၈) ဦး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
မြောက်ဦးဘက်မှ အမ်းဘက်သို့ ပေါက်တောမြို့၊ (၁)ရပ်ကွက်နေ ကျော်လင်းထွေး (၂၇)နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ နေထက်ကျော်(၂၀)နှစ်ပါ လူ(၃၀)ဦးလိုက်ပါလာသော 2M/×××× ဒိုင်နာယာဉ်သည် ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာနေ မဘာနု(၁၁)နှစ်အား ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်အားမရပ်ဘဲ ဆက်လက်မောင်းနှင်ခဲ့ရာ နန်းကျားကျေးရွာအနီး မိုင်တိုင် (၁၀၄/၆-၇) လမ်းကွေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သောကြောင့် မဘာနု နှင့် နေထက်ကျော် ပါ(၈)ဦး ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်လင်းထွေး အား မြောင်းဘွေနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ကလေးငယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး ဆက်လက်မောင်းနှင် ထွက်ပြေးသွားသောယာဉ် တိမ်းမှောက်
Reviewed by THITHTOOLWIN
on
21:14
Rating: