မီးလှုံနေသူအား တုတ်၊ ဓါးတို့ဖြင့် ရိုက်နှက်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူ


မန္တလေး၊ ဖေဖော်ဝါရီ ၎

၂၈.၁.၂၀၁၈ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ဇော်ထွေးအောင်၊ ချမ်းမြသာစည်မြို့နယ်နေသူသည် မြို့ထဲမှအပြန် သိပ္ပံ x ၅၆လမ်းထောင့်၊ ဆိုင်ကယ်ကယ်ရီသမားများ မီးလှုံနေရာသို့ ၀င်ရောက်မီးလှုံနေခဲ့ရာ ခဏအကြာ ဘိုးဘိုးကြီးအ၀ိုင်းဘက်မှ ဆိုင်ကယ်(၂)စီးဖြင့် လူငယ်(၅) ယောက်ခန့်မှ တုတ်/ဓါးများကိုင်ဆောင် ရောက်ရှိလာပြီး ရန်ငြိုးရန်စမရှိဘဲအကြောင်းမဲ့ ဓါးဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်နှက်ခဲ့သဖြင့် ဇော်ထွေးအောင်တွင် ဦးခေါင်းထိပ်ပြတ်ရှိ ဒဏ်ရာ(၁)ချက်၊ ၀ဲပုခုံး အဆစ်ပြုတ်ဒဏ်ရာရရှိသဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ) ၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၁၁၄ အရ အမှုဖွင့်ခဲ့ပါသည်။

 အမှုမှ တရားခံများ ဖမ်းဆီးရမိရေးအတွက် အမှုစစ်အဖွဲ့ဖွဲ့စည်းခြင်း၊ အမာခံသတင်း ပေးပြည်သူများနှင့် ပူးပေါင်းစုံစမ်းခြင်း၊ CCTVမှတ်တမ်းများ ရှာဖွေကြည့်ရှုခဲ့ပြီး တရားခံများ၏ အမည်၊ နေရပ်လိပ်စာများ အတည်ပြုပြီး မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှုစစ်အဖွဲ့၊ ရဲစခန်းလှည့်ကင်း၊ ရပ်ကင်း၊ ၀ပ်ကင်းများဖြင့် တရားခံဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ကိုဖြိုး(ခ)ဖြိုးမြင့်အောင်၊ အောင်ပင်လယ်ရပ်ကွက်၊ ငဖြိုး(ခ)ဖြိုးမင်းသူ၊ မြို့သစ်(၂)ရပ်ကွက်၊ ငသက်(ခ)သက်ဖြိုးအောင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သူဖြိုး၊ ပုသိမ်ကြီးမြို့နယ်၊ ငယ်ငယ်(ခ)ကျော်ဇော၊ ပုသိမ်ကြီးမြို့နယ်နေသူတို့အား ဖမ်းဆီးရမိပြု အသုံးပြုခဲ့သော ဓါး(၂)လက်၊ ပေါက်ချွန်း (၁)လက်နှင့် ဆိုင်ကယ်(၁)စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
မီးလှုံနေသူအား တုတ်၊ ဓါးတို့ဖြင့် ရိုက်နှက်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူ မီးလှုံနေသူအား တုတ်၊ ဓါးတို့ဖြင့် ရိုက်နှက်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 11:39 Rating: 5
Powered by Blogger.