ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒိုးတန်းကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးနှင့် မဲဒီကျေးရွာအနီး၌ အဝေးထိန်းစနစ်သုံး လက်လုပ်မိုင်း ၁၀ လုံးတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်ထားပါသည်။
မောင်တောမြို့နယ်၊ ငါးခူရကျေးရွာအနီး၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ဒိုးတန်းကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ငါးခူရ-ဒိုးတန်းသွား ကားလမ်းဘေး၌ မသင်္ကာဖွယ်ရာ ၀ါယာကြိုးစတွေ့ရှိ၍ ရှင်းလင်းဖော်ထုတ်ရာ အလျား ၈ လက်မ၊ အချင်း ၄ လက်မရှိ ကားပစ္စတင်ဖြင့်ပြုလုပ်ထားသော လက်လုပ်ရှော့ခ်တိုက်မိုင်းဟောင်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့၊ မဲဒီကျေးရွာစာသင်ကျောင်းအနီး၌ မြေကျင်းအတွင်း မသင်္ကာဖွယ်ရာ ပလတ်စတစ်ပုံးပျက်တစ်လုံးအားတွေ့ရှိကြောင်း သတင်းပေးပို့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အကျယ် ၃ ပေ၊ အနက် ၃ ပေခန့် မြေကျင်းအတွင်း အမည်းရောင် မိုးကာစဖုံးအုပ်၍ မြှုပ်နှံထားသည့်ပလတ် စတစ်ပုံးအတွင်းမှ အလျား ၁၀ လက်မ၊ အချင်း၂ လက်မခန့်ရှိ သံပိုက်လုံးဖြင့်ပြုလုပ်ထားသော သံချေးတက်နေသည့် အဝေးထိန်းစနစ် သုံးလက်လုပ်မိုင်း ၁၀ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
သစ်ထူးလွင်
မောင်တောမြို့နယ်တွင် လက်လုပ်မိုင်း ၁၁ လုံးတွေ့ရှိ
Reviewed by THITHTOOLWIN
on
10:51
Rating: