ကျောက်မဲ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအချို့တွင် TNLA နှင့် RCSS တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွား


ဇန်နဝါရီ ၂ဝ ရက်၊ နမ့်ဆန်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအချို့တွင် TNLA နှင့် RCSS တို့အကြား တိုက်ပွဲ ပြန် လည်ဖြစ်ပွားနေသည်ဟု သိရသည်။

နမ့်ဆန်မြို့နယ် ကြက်သေရွာတွင် ဇန်နဝါရီ ၁၈ ရက်၌တစ်ကြိမ်၊ တော့ဖယ်ရွာနှင့် ကြက်သေရွာကြားတွင် ဇန်နဝါရီ ၁၉ ရက်၌ တစ်ကြိမ်၊ တော့ဖယ်ကျေးရွာနှင့် ကြက်သေရွာကြားတွင် ဇန်နဝါရီ ၂ဝ ရက်တွင် တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သည် ဟု TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

၂ဝ၁၇ ခု ဒီဇင်ဘာ ၂၇ ရက်တွင် ကျောက်မဲမြို့နယ် ကြက်သေရွာ၊ အာပြောင်ရွာ၊ ကျောက်ဖြူလေးကျေးရွာ၌ အစိုးရ တပ်နှင့် TNLA တို့အကြား ၂၉ ရက်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ဝ၁၈ ခု ဇန်နဝါရီ ၇ ရက်မှစ၍ ထိုဒေသတွင် အစိုးရစစ် ကြောင်း၊ RCSS စစ်ကြောင်းနှင့် TNLA တို့အကြား စစ်ရေးတင်းမာလျက်ရှိနေပြီး ဒေသခံ ၁,ဝဝဝ ကျော်သည် ကျောက် မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းရှိ ကြက်သေရွာ ဒေသခံများသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်တွင် ၎င်းတို့၏နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

RCSS နှင့် TNLA တို့အကြား တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေ လျှော့နိုင်ရန် ၂ဝ၁၇ ခု နိုဝင်ဘာလကုန်ပိုင်းတွင် တွေ့ဆုံရန် သဘောတူထားသော်လည်း RCSS ဘက်မှ ရှမ်းလူမျိုးအ လိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြောင့် အစီအစဉ်ရုတ်သိမ်းခဲ့ရပြီး ဇန်နဝါရီလ တတိယပတ်တွင် မိုင်းလား သို့ တွေ့ဆုံရန် ထပ်မံ စီစဉ်ထားသော်လည်း RCSS ဘက်က အကြောင်းပြန်ခြင်းမရှိသေးကြောင်း TNLA ၏ ပြန်ကြား ရေးဌာနမှူး ဗိုလ်မှူးတာအိုက်ကျော်က မားနဂါးသို့ပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ကျောက်မဲမြို့RCSS ဆက်ဆံရေးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ခံ ခရီးလွန် နေသည့်အတွက် တစ်စုံတရာ ပြန်လည်ဖြေကြားခြင်းမရှိချေ။

RCSS သည် အစိုးရနှင့် တစ်နိုင်လုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ပြီး TNLA သည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

မိုင်းအတ္တ၊ မားနဂါး
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
ကျောက်မဲ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအချို့တွင် TNLA နှင့် RCSS တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွား ကျောက်မဲ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအချို့တွင် TNLA နှင့် RCSS တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွား Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.