ငွေ(၂၀၀၀၀)ကျပ်ကြောင့် စကားများရာမှ အသက်(၇၀)နှစ်ခန့် အရွယ် အမျိုးသားတစ်ဦး ငါးပိဿ ခန့် ကျောက်တုံးဖြင့် ထုသတ်ခံရ
![]() |
ငွေ(၂၀၀၀၀)ကျပ်ကြောင့် စကားများရာမှ အသက်(၇၀)နှစ်ခန့် အရွယ် အမျိုးသားတစ်ဦး ငါးပိဿ ခန့် ကျောက်တုံးဖြင့် ထုသတ်ခံရ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျှက်ရှိ |
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာ အုပ်စု၊ ကုလားစုကျေးရွာနေ ဒေါ်ဆလာဘီ၊ ၅၄နှစ်သည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်း နေတူတော်စပ်သူ အာရွတ်၊ ၂၈နှစ်က ရွာ၏ အရှေ့ဘက် (၁)မိုင်ခွဲခန့်အကွာရှိ ဒေါ်ဆလာဘီတို့ ပိုင်သော လယ်နှင့်အင်းအစပ်ခြုံထဲတွင် ၎င်း၏ ခင်ပွန်းဖြစ် သူ ဦးကိုဖူး၊ ၇၀နှစ်မှာ လဲကျနေပြီး ဦးခေါင်းအနီးတစ်ဝိုက်တွင်လည်း သွေးများထွက်နေ ကြောင်း ပြောကြား၍ မိသား စုဝင်များနှင့်အတူ သွားရောက်ကြည့်ရှု့ခဲ့ရာ ဦးကိုဖူးမှာ အခင်းဖြစ်နေရာ တွင် ဦးခေါင်းယာဘက်ခြမ်းကျေမွ ပေါက်ပြဲဒဏ်ရာ၊ယာနားထင်ပေါက်ပြဲဒဏ်ရာများဖြင့်သေဆုံနေသည်ကို တွေ့ရှိသဖြင့် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော် ထုတ်ပေး ရန် ဒေါ်ဆလာဘီမှ အိန္ဒုနယ်မြေရဲစခန်းသို့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က လာရောက်တိုင် တန်းခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်းကအမှုကြီး အမှတ်စဉ်(၁/၂၀၁၈)၊ (ပ)၁၀/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အားအိန္ဒုနယ်မြေစခန်းမှူး ရဲအုပ် မင်းအောင်ထွန်း၊ သာယာကုန်းရဲကင်းမှူး ရဲအုပ် လှငွေတို့ဦးစီး ၍နယ်ထိန်းတပ်ဖွဲ့ဝင်များမှစုံစမ်း ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ စိုးမိုးနိုင်ကို အချိန်မီစုံစမ်းဖော်ထုတ်ဖမ်းဆီးရ မိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ လွန်ခဲ့သော (၆)ရက်ခန့်က စိုးမိုးနိုင်မှာ ပေ(၂၀)ပတ်လည်၊ အနက်(၈)တောင်ခန့် ငါးကန်အတွင်းရှိ ငါးများကို အခြားသူတစ်ဦးထံ ငွေ(၂၀၀၀၀) ကျပ်ဖြင့် ရောင်းချသည့်ကိစ္စနှင့်ပတ်သက်ပြီး ဇန်န၀ါရီလ ၂၇ ရက်နေ့ည ၉နာရီကျော်အချိန်ခန့်တွင် တစ်ရွာတည်းနေ ဦးကိုဖူးနှင့် သူပိုင်ကိုယ်ပိုင် အငြင်းပွားရာမှ စိုးမိုးနိုင်က အခင်းဖြစ်နေရာအနီးရှိ (၅)ပိဿခန့် ကျောက်တုံးဖြင့် ဦးကိုဖူးကို တစ်ချက်ထုရာ ဦးခေါင်းအားထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ စိုးမိုးနိုင်၊ ၃၇နှစ်၊ကုလားစုကျေးရွာ၊ သာယာကုန်းကျေးရွာအုပ်စု၊ ဘားအံမြို့နယ်နေသူအား အမှုဖြင့်ဆက်လက် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
နေလင်း(သာမည)
MT/TTH
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
ငွေ(၂၀၀၀၀)ကျပ်ကြောင့် စကားများရာမှ အသက်(၇၀)နှစ်ခန့် အရွယ် အမျိုးသားတစ်ဦး ငါးပိဿ ခန့် ကျောက်တုံးဖြင့် ထုသတ်ခံရ
Reviewed by THITHTOOLWIN
on
20:46
Rating:
