မြန်​မာ-ထိုင်း ချစ်​ကြည်​​ရေး သံဃာအပါး ၂၀၀၀၀ ဆွမ်း​လောင်းလှူပွဲ ကျင်းပ


မန္တလေး ၂၁ ဇန်​နဝါရီ

မန္တလေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ ထိုင်းနိုင်​ငံ ဓမ္မကာယ​ဖောင်​​ဒေရှင်းနှင့်​ အလှူရှင်​အဖွဲ့ ၃၀ ​ကျော်​တို့မှ စီစဉ်​ကျင်းပ​သော သံဃာ​တော်​အပါး ၂၀၀၀၀ အား ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲကို ယ​နေ့ကျင်းပခဲ့ပါတယ်​။

အခမ်းအနားကို မန္တလေးမြို့ ချမ်းမြသာစည်​​လေဆိပ်​၌ ယ​နေ့မနက်​ ၆ နာရီတွင်​ ကျင်းပခဲ့သည်​။

ဆွမ်းဆန်​စိမ်း​လောင်းလှူခြင်း အ​လေ့အထကို အ​မွေအနှစ်​အဖြစ်​ ထိန်းသိမ်း​စေရန်​၊ မြန်​မာ-ထိုင်း ချစ်​ကြည်​​ရေး ပိုမိုခိုင်​မြဲလာ​စေရန်​နှင့်​ မန္တလေးတိုင်း​ဒေသကြီးတွင်​ သတင်းသုံးလျက်​ရှိကြ​သော သံဃာ​တော်​များ၊ ကိုယ်​ရင်​ငယ် များ ဗုဒ္ဓစာ​ပေသင်​ကြားမှု အဆင့်​မြှင့်​တင်​​ပေးရန်​ ယခုလို ကျင်းပရခြင်းဖြစ်​သည်​။

၂၀၁၅ ခုနှစ်​၊ စက်တင်​ဘာလ ၂၀ ရက်​တွင်​ သံဃာအပါး ၁၀၀၀၀ ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲ ကျက်းပခဲ့ပြီး ကမ္ဘာတစ်လွှားက စိတ်​ဝင်​စားမှု များပြားခဲ့သည်​။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မြန်​မာ-ထိုင်း ချစ်​ကြည်​​ရေး သံဃာအပါး ၂၀၀၀၀ ဆွမ်း​လောင်းလှူပွဲ ကျင်းပ  မြန်​မာ-ထိုင်း ချစ်​ကြည်​​ရေး သံဃာအပါး ၂၀၀၀၀ ဆွမ်း​လောင်းလှူပွဲ ကျင်းပ Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.