ကြံ့ချိုများ ခိုးသွင်းသူ ဗီယက်နမ်တစ်ဦး ထိုင်းရဲတပ်က ဖမ်းဆီးမိ


မျိုးမပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တောရိုင်းတိရိစ္ဆာန်တွေကို မှောင်ခိုကူးနေတဲ့ ထိုင်းနိုင်ငံသား ဗီယက်နမ်လူမျိုးကို ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူဟာ အာဖရိကတိုက်ကနေ ထိုင်းနိုင်ငံကို ဒေါ်လာတစ်သန်းဖိုးရှိတဲ့ ကြံ့ချို ၁၄ ချောင်း ခိုးသွင်းလာတာလို့ ဆိုပါတယ်။

ကြံ့ချိုခိုးသွင်းဂိုဏ်း ခေါင်းဆောင်တစ်ဦးဖြစ်တာကို သူက၀န်ခံတယ်လို့ ရဲက ပြောပြီး ဒီလို မျိုးမပျောက်အောင် စောင့်ရှောက်ထားတဲ့ တိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်းများ မှောင်ခို ကုန်ကူးမှုနဲ့ ထောင်ဒဏ် ၄ နှစ် ထိ ကျခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကြံ့ချိုများ ခိုးသွင်းသူ ဗီယက်နမ်တစ်ဦး ထိုင်းရဲတပ်က ဖမ်းဆီးမိ ကြံ့ချိုများ ခိုးသွင်းသူ ဗီယက်နမ်တစ်ဦး ထိုင်းရဲတပ်က ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.