မင်းကင်း- ကလေးဝလမ်းပိုင်းတွင် ခွေးဘီလူးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်း- ကလေးဝလမ်းပိုင်းတွင် ခွေးဘီလူးမော်တော် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးဝမြို့နယ် မြို့မကျေးရွာမှ မင်းကင်းမြို့သို့ ဦးစိုးနိုင်(ခ) ဦးဟိန်းအောင်(၃၇)နှစ် မောင်းနှင်လာသော NPT IP/1837 ခွေးဘီလူးမော်တော်ယာဉ်အဖြူရောင်သည် ဇန်န၀ါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်က မင်းကင်း- ကလေးဝလမ်းမိုင်တိုင်အမှတ် ၇၆/ ၇၇ ကြားတွင် တိမ်း မှောက်မှုဖြစ်ပွားခြင်း ဖြစ်သည်။


 အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ မင်းကင်းမြို့နယ်မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ဟိန်းဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ငါးဦးတို့သွားရောက်ကြပြီး ယာဉ်မောင်းဦးစိုးနိုင်(ခ)ဦးဟိန်းအောင်မှာ ညာခြေထောက်ညိုသကြီးရိုးဒဏ်ရာ၊ ညာဖနောင်း ပွန်းပဲ့ဒဏ်ရာ၊ ၀ဲဘက်ခြမ်းရင်အောင့်ဒဏ်ရာများရရှိကာ ကြာပင်ကျေးရွာတိုက်နယ်ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။


 ဦးမျိုးဝင်း(မစိုးရိမ်ရ)ခြေထောက်နှစ်ဖက် ပွန်းပဲ့ ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာရရှိခဲ့ကြသဖြင့် နီးစပ်ရာ ကြာပင်ကျေးရွာတိုက်နယ်ဆေးရုံတွင် ဆေးကုသခံလျက်ရှိကြောင်း၊ ဒဏ်ရာရရှိသူများအား သယ်ယူခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါသည်။

 ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်(ပ)၁/၂၀၁၈ ရာဇ သတ်ပုဒ်မ ၃၃၇ / ၃၀၄(က) အရ မင်းကင်းမြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ-၄၁၁၅ ကိုင်ဆောင်သူ ဒုတိယ ရဲမှူးကိုဌေးက တရားလိုပြုလုပ်၍ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

IPRD (ကလေးမြို့ )
မင်းကင်း- ကလေးဝလမ်းပိုင်းတွင် ခွေးဘီလူးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံး မင်းကင်း- ကလေးဝလမ်းပိုင်းတွင် ခွေးဘီလူးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 11:12 Rating: 5
Powered by Blogger.