၂၀၁၁ ခုနှစ်မှာ MSPP ကုမ္ပဏီဟာ မလေးရှား ရှယ်ယာ ၉၅ ရာခိုင်နှုန်းနဲ့ အမေရိကန်ဒေါ်လာ ၃၆.၇၅ မီလီယံ ရင်းနှီးမြုပ်နှံပြီး မြေဧက ၃၈၀ဝ၀ ရှိတဲ့ လုပ်ကွက်မှာ စတင်လုပ်ကိုင်ခဲ့ |
အခုလို ပြဿနာတွေ ရှိနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြိတ်မြို့ အခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ အပါအဝင် ဒေသခံ လူမှု အဖွဲ့အစည်း ၇ ဖွဲ့က မလေးရှား လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့ပြီး အဲဒီကတဆင့် မြန်မာဘက်ကို အကြောင်းကြားခဲ့တဲ့အတွက် နှစ်ဖက်စလုံးကို စစ်ဆေးအပြီးမှာ အခုလို တွေ့ရှိခဲ့တာပါ။
ဒီကုမ္ပဏီက ၂၀၁၁ ခုနှစ်မှာ စတင် လုပ်ကိုင်စဉ်မှာ ရွာသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာ မရှိခဲ့ပဲ မြေလွတ်မြေရိုင်းဆိုပြီး လာရောက် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ တောင်ပိုင်းလူငယ်ကွန်ရက် ဒါရိုက်တာ ကိုစန်းငွေက ဘီဘီစီကို ပြောပါတယ်။
ဒီကိစ္စမှာ အကျိုးစီးပွား ထိခိုက်သူ ဒေသခံ ၄၂ ဦး ရှိခဲ့ပြီး အဲဒီအထဲက အယောက် ၃၀ က ကုမ္ပဏီဘက်က တဧက သုံးသောင်းကျပ် ပေးဖို့ တိုက်တွန်းမှုကို လက်ခံခဲ့ပေမယ့် ၁၂ ယောက် က လက်မခံခဲ့ပဲ တိုင်ကြားခဲ့တာလို့လည်း သူက ပြောပါတယ်။
ဒီကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြုထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကလည်း ဒီကိစ္စကို စစ်ဆေးခဲ့ပြီး ဒီတွေ့ရှိချက်ကိုလည်း မြန်မာ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ဘက်က တောင်းခံထားတယ်လို့ သိရပါတယ်။
၂၀၁၆ ဒီဇင်ဘာလကုန်အထိ MSPP ကုမ္ပဏီရဲ့ အမှန်ကတယ် စိုက်ပျိုးထားတဲ့ ဆီအုန်းစိုက်ခင်း ဧက ၃၆၃၃ ရှိပြီး ကျန် မစိုက်ပျိုးရသေးတဲ့ မြေတွေကို ၂၀၁၂ ခုနှစ် မြေယာဥပဒေအရ နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်တယ်လို့လည်း ဒေသခံ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ပြုစု ရေးသားထားတဲ့ အစိမ်းရောင်ကန္တာရ စာတမ်းမှာ ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်မှာ MSPP ကုမ္ပဏီဟာ မလေးရှား ရှယ်ယာ ၉၅ ရာခိုင်နှုန်းနဲ့ အမေရိကန်ဒေါ်လာ ၃၆.၇၅ မီလီယံ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာစပြီး ဒေသခံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာပါ။
မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သတ်ပြီး NGO အဖွဲ့တွေဘက်က အစီအရင်ခံစာ ရပြီးရင် အစိုးရကို တင်ပြသွားမယ်လို့လည်း သိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
တနင်္သာရီတိုင်းမှာ MSPP ဆီအုန်းကုမ္ပဏီကြောင့် ပတ်ဝန်းကျင်ထိခိုက်
Reviewed by THITHTOOLWIN
on
23:03
Rating: