နေပြည်တော်-ဒီဇင်ဘာ-၁၈
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏အုတ်ရှစ်ကုန်းလမ်းပိုင်း မိုင်တိုင်အမှတ်၆၄/၀နှင့် ၆၄/၁ အ ကြားနေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ယာဉ် မောင်း ကျော်ဇင်မောင်းနှင်လာသော Light truck ယာဉ်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့  ယနေ့နံနက် ၆နာရီ မိနစ် ၄၀တွင်ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်ကြောင့်ယာဉ်ပေါ်တွင်ယာဉ်မောင်းပါအမျိုးသား ၉ဦး အမျိုးသမီး ၁၄ ဦး ပေါင်း ၂၃ ဦးအနက် အမျိုးသား ၂ ဦး အမျိုးသမီး ၇ ဦးဒဏ်ရာရှိခဲ့သည်။ဒဏ်ရာရှိသူလူနာများအားတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။
သို့ပါ၍ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာမောင်းနှင်သူယာဉ်မောင်းကျော်ဇင်အား သက်ဆိုင်ရာအပိုင်ရဲစခန်းမှအမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
အမြန်လမ်းတွင် light truck ယာဉ်မောင်းအိပ်ငိုက် ပြီးအရှိန်မထိမ်းနိုင်၍တိမ်းမှောက် ၉ ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
16:53
Rating:
