၁၇.၁၂.၂၀၁၇ ရက်နေ့ ၂၁၀၀ အချိန် ခန့်တွင် ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာအုပ်စု ချောင်းဝ ကျေးရွာ ဘုန်းကြီးကျောင်းပိုင်းနေ ကရင်(ခ)အောင်လင်း (၃၃ )နှစ် အား ဇနီးဖြစ်သူ မမာမာအေး(၅၀)နှစ် (ဘ)ဦးသောင်း မှ တုတ်ဖြင့် ရိုက်နက်ခဲ့၍ သေဆုံးသွားကြောင်း သိရပါသည်။
အဆိုပါလူသေမှုအား ရာအိမ်မှူး ဦးမောင်သောင်းမှ အရေးယူပေနိုင်ပါရန်တိုင်တန်း ခဲ့သဖြင့် ကော့သောင်းရဲစခန်း (ပ)၂၁၈၈/၂၀၁၇ ပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ခဲ့ပြီး စခန်းမှူး ဒုရဲမှူး မြင့်မော် မှအမှုအား စစ်ဆေးဆောင်ရွက်လျှက် ရှိပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းခဲ့ပါသည်။
ဖြစ်စဉ်မှာ ၁၅.၁၂.၂၀၁၇ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် ကရင် နှင့် မာမာအေးတို့ ခိုက်ရန်ဖြစ်ပွားစကား များခဲ့ကြပြီး ကရင် မှာ လဲကျနေကြောင်းသိရှိရ သဖြင့် ရာအိမ်မှူး ဦးမောင်သောင်း နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှု့ခဲ့ပြီး ဖြစ်စဉ်အားမေးမြန်းရာ ကရင် မှ အရက်သေစာသောက်စားပြီး မမာမာအေး အား ခြေထောက်ဖြင့်ကန်ခြင်း ကြွေပန်းကန်ဖြင့် ပစ်ပေါက်ခြင်းများပြုလုပ်ခဲ့၍ ဦးခေါင်းအားထိမှန် ကာ သွေးများထွက်လာသဖြင့် စိတ်တိုကာ ကရင် အား ဒုတ်ပိုင်းဖြင့်ပြန်လည် ရိုက်နက်ခဲ့၍ ကရင် ၏ဦးခေါင်းနောက်စေ့ပေါက် ပြဲ ဒဏ်ရာဖြင့် လဲကျနေကြောင်း သိရှိရပါသည်။
၎င်းတို့ နှစ်ဦးအား ကော့သောင်းဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ကာ ဆေးကုသမှုပြီး၍ နေအိမ်သို့ပြန် လည်စေလွတ်ပေးခဲ့သော်လည်း ကရင် မှာ သက်သာမှုမရှိသဖြင့် ဆေးရုံသို့ပြန်လည်တင်ပို့ကု သခဲ့ရာမှ ၁၇.၁၂.၂၀၁၇ ရက်နေ့ ၂၁၃၀ အချိန် သေဆုံးသွားခဲ့သဖြင့် ရာအိမ်မှူး ဦးမောင်သောင်း မှ တရားလိုပြုလုပ် တိုင်တန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Aung Zaw Min Tun (facebook)
by သစ်ထူးလွင်
လင်မယားစကားများ ရိုက်နက်ကြရာမှ ခင်ပွန်းဖြစ်သူသေဆုံး
Reviewed by THITHTOOLWIN
on
11:47
Rating:
