အမေရိကန်နဲ့ မြောက်ကိုရီးယားကြား စစ်ရေးပဋိပက္ခဖြစ်ပွားမယ့်အခြေအနေ နီးကပ်လာနေတာကြောင့် တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်သည်တွေရဲ့ မိသားစုဝင်တွေကို ပြောင်းရွှေ့ဖို့ ရီပါဘလီကင် လွှတ်တော်အမတ် လင်းဆေဒ ဂရေဟမ် က ပင်တဂွန်စစ်ဌာနချုပ်ကို တိုက်တွန်းလိုက်ပါတယ်။
အခုလို မြောက်ကိုရီးယားက ရန်စနေတဲ့အချိန်မှာ အမေရိကန်စစ်သည်တွေရဲ့ အိမ်ထောင်ဖက်တွေနဲ့ ကလေးတွေကို တောင်ကိုရီးယား ပို့ထားတာဟာ ရူးမိုက်တာပဲလို့ အထက်လွှတ်တော် စစ်ရေးကော်မတီ အဖွဲ့ဝင် ဂရေဟမ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့နောက်ဆုံးအကြိမ် ဒုံးပျံစမ်းသပ်ခဲ့အပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ အကြီးမားဆုံး လေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်ကြမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ စစ်မီးမွှေးနေကြသူတွေဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး နျူကလီးယား စစ်ပွဲဖြစ်ပွားသွားနိုင်တယ်လို့လည်း သတိပေးပြောဆိုလိုက်ပါတယ်။
အမေရိကန် ကုန်းတွင်းပိုင်းအထိရောက်အောင် ပစ်လွှတ်နိုင်တယ်လို့ယူဆရတဲ့ ပဲ့ထိန်းတပ်ဒုံးပျံကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့ပြီးတဲ့နောက်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ တိုက်လေယာဉ်ပေါင်း ၂၃၀ လောက်နဲ့ ငါးရက်တာစစ်ရေးလေ့ကျင့်မှုကို ဒီနေ့ စတင်မှာဖြစ်ပါတယ်။
Photo: U.S. Army Reserve facebook
RFA Burmese
https://www.facebook.com/rfaburmese/
အမေရိကန်နဲ့ တောင်ကိုရီးယား လေကြောင်းစစ်ရေးလေ့ကျင့်မှု စတင်တော့မည်
Reviewed by THITHTOOLWIN
on
09:52
Rating: