၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ၀၀၃၀ အချိန် ကျောက်တော်မြို့နယ်၊ အောက်ပိုက်သည်(ဘင်္ဂါလီ)ရွာနေ မာမတ်အာရပ်၊ (၁၈)နှစ်နှင့် ညီဖြစ်သူ မာမတ်အာဆတ်၊ (၁၃)နှစ် တို့သည် နေအိမ်နှင့်တွဲလျက် ပလစ်စတစ်ပစ္စည်းမျိုးစုံနှင့် အဝတ်အထည် မျိုးစုံရောင်းသည့် ကုန်စုံဈေးဆိုင် ရှေ့ခန်း၌ ဖယောင်းတိုင်မီးဖြင့် စာကျက်နေရာမှ အိပ်ပျော်သွားပြီး ဖယောင်းတိုင်မီးမှ တဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်၁လုံးမီးလောင်ဆုံးရှုံးခဲ့ကာ ၀၁၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုကြောင့်မာမတ်အာရပ်ပါ ညီအကို၂ ဦးမှာ မီးလောင်သေဆုံးခဲ့ပြီး မာမတ်အာရပ်(သေဆုံး)အား ကျောက်တော်မြို့မရဲစခန်း (ပ)၂၅၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က(မီးပေါ့ဆမှု/ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။
Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
ကျောက်တော်မြို့နယ်၌ မီးလောင်မှုကြောင့် ဘင်္ဂါလီ ၂ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
17:18
Rating:
