ကန်ကြီးထောင့်မြို့ နယ်မှာ အရှည်(၁၂)ပေ၊ လုံးပတ်(၁၁)လက်မရှိ စပါးကြီးမြွေတစ်ကောင်ဖမ်းမိ

ကန်ကြီးထောင့်မြို့နယ်ရိုးကြီးကျေးရွာတွင် စပါးကြီးမြွေတစ်ကောင်ဖမ်းမိ
ကန်ကြီးထောင့် ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရိုးကြီးကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက်ေ်န့ ယနေ့ မွန်းလွဲ၂နာရီခန့်က အရှည်(၁၂)ပေ၊ လုံးပတ်(၁၁)လက်မရှိ စပါးကြီးမြွေတစ်ကောင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရိုးကြီးကျေးရွာနေဦးကံရှိန်နှင့် ဦးမျိုးဇော်ဦးတို့သည် စပါးရိတ်သိမ်းရန် လယ်ထဲသို့ သွားရောက်စဉ် လယ်ရေတင်သည့် ချောင်းရိုးအတွင်းတွင် အဝါကွက်ကျားအရောင်ရှိသည့် စပါးကြီးမြွေတစ်ကောင်အားတွေ့ရှိရာ ပတ်ဝန်းကျင်မှ လူများအား အန္တရာယ်မပြုစေရန် ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ဒါးကရဲကင်းမှူးရဲအုပ်မိုးဇော်ထံသို့ သွားရောက် အကြောင်းကြား၍ ပို့ဆောင်ခဲ့သည်။

ထို့နောက် ဒါးကရဲကင်းမှူးရဲအုပ်မိုးဇော်မှ အရှည်(၁၂)ပေ၊ လုံးပတ်(၁၁)လက်မရှိ အဆိုပါ စပါးကြီးမြွေကို ကန်ကြီးထောင့်မြို့ နယ်တာဝန်ခံသစ်တောအုပ်ဦးစိုးနိုင်ဦးထံသို့ ဆက်သွယ်အပ်နှံခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကန်ကြီးထောင့်မြို့ နယ်မှာ အရှည်(၁၂)ပေ၊ လုံးပတ်(၁၁)လက်မရှိ စပါးကြီးမြွေတစ်ကောင်ဖမ်းမိ ကန်ကြီးထောင့်မြို့ နယ်မှာ အရှည်(၁၂)ပေ၊ လုံးပတ်(၁၁)လက်မရှိ စပါးကြီးမြွေတစ်ကောင်ဖမ်းမိ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.