North Kivu မှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ |
ပြီးခဲ့တဲ့ ကြာသပတေးနေ့က နိုင်ငံ အရှေ့ပိုင်းမှာ သူပုန်တွေရဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အဖွဲ့ကို တိုက်ခိုက်မှုဟာ သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးဘဲလို့ Antonio Guterres က ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေဟာ တန်ဇန်းနီးယားက ဖြစ်ပေမယ့် သေဆုံးတဲ့ အထဲက ငါးယောက်ကတော့ ကွန်ဂို နိုင်ငံသားတွေ ဖြစ်ကာ တပ်ဖွဲ့ဝင် ငါးဆယ်ကျော် ဒဏ်ရာရခဲ့သလို အတော်များများလည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စလာမ် ဝါဒီ စစ်သွေးကြွတွေ ဖြစ်တဲ့ ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့များရဲ့ လက်ချက်လို့ ကုလ အရာရှိတွေက သံသယ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း ဒီမိုကရက်တစ် ကွန်ဂို အရှေ့ပိုင်းက ကုလသမဂ္ဂ စခန်းကို တိုက်ခိုက်မှုတွေထဲက လတ်တလော ဖြစ်ခဲ့တဲ့ ကိစ္စဟာ တတိယ အကြိမ်မြောက် ဝင်ရောက် စီးနင်းခံရမှု ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကုလငြိမ်းတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၁၄ယောက်သေ
Reviewed by THITHTOOLWIN
on
07:19
Rating: