မဲလ်ဘုန်း ၁၇ ဒီဇင်ဘာ
မြောက်ကိုရီးယား ကိုယ်စား ကျောက်မီးသွေးနဲ့ ဒုံးကျည်အစိတ်ပိုင်းများကို မှောင်ခိုဈေးကွက်တွင် ရောင်းချရန် လှုပ်ရှားနေသူ အမျိုးသားတစ်ဦးအား သြစတေးလျ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဖမ်းဆီးရမီခဲ့ကြောင်း၊ ဖျက်အားပြင်းလက်နက် အရောင်းအ၀ယ်ပြုလုပ်မှုနဲ့ ပထမဆုံး တရားဆွဲဆိုထားကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူ ဆစ်ဒနေအမျိုးသားဟာ ၅၉ နှစ်အရွယ်ရှိ ချန်ဟန်ချွိုင် ဆိုသူဖြစ်ပြီး သြစတေးလျတွင် နှစ် ၃၀ ကျော် နေထိုင်ခဲ့တဲ့ ကိုရီးယားနွယ်ဖွားတစ်ဦးဖြစ်ကြောင်း သြစတေးလျ နဲ့ အခြားမီဒီယာ သတင်းများအရ သိရပါတယ်။
ချန်ဟန်ချွိုင် ကို ဆစ်ဒနေ ဆင်ခြေဖုံးရပ်ကွက်မှာ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့နောက်ပိုင်းမှာ တရားရင်ဆိုင်ရမှာဖြစ်ကြောင်း၊ နှစ်ဦးပိုင်းကတည်းက အာဏာပိုင်တွေက သတိထားစောင့်ကြည့်ခဲ့ကြောင်း သြစတေးလျ ဗဟိုရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
ယခုလိုအဖြစ်မျိုး သြစတေးလျမှာ တစ်ခါမှမဖြစ်ဘူးကြောင်း၊ အောင်မြင်ခဲ့ပါက ဒေါ်လာ သန်းဆယ်ချီတန်တဲ့ အရောင်းအ၀ယ် ဖြစ်မှာဖြစ်ကြောင်း၊ ချန်ဟန်ချွိုင်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ သစ္စာခံတစ်ဦးဖြစ်ပြီး မျိုးချစ်စိတ်ထက်သန်သူတစ်ဦးအဖြစ် ယူဆရကြောင်း လက်ထောက်ရဲမင်းကြီး နယ်လ်ဂေါင်ဟန် က သတင်းထောက်တွေကို ပြောကြားထားပါတယ်။
၎င်းကို ဖျက်အားပြင်းလက်နက် ပြန့်ပွားမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ နှစ်ခုနဲ့ တရားဆွဲထားပြီး အခြားလေးဦးကို မြောက်ကိုရီးရီးအပေါ် ကုလသမဂ္ဂနှင့်သြစတေးလျက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေတွေနဲ့ ဆွဲဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဘာသာပြန်-မိုးမမ
ကိုးကား- ရိုက်တာ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မြောက်ကိုရီးယား ဒုံးကျည်အစိတ်အပိုင်းများ ရောင်းချရန်ကြိုးစားသူတဦး သြစတေးလျတွင် ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
17:12
Rating:
