![]() |
တနင်္သာရီမြစ်ဖျားတနေရာမှာ ကျောက်မီးသွေးသယ်ကားတစီး တွေ့ရစဉ် |
မြန်မာနိုင်ငံနဲ့ ကမ္ဘာ့စွမ်းအင် အကူးအပြောင်းခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပြီး အဲဒီခေါင်းစဉ်အောက်မှာ ကျောက်မီးသွေးစွမ်းအင်အကြောင်း ရေကာတာအကြောင်း လက်ပံတောင်း ဖားကန့်အကြောင်းအပါအဝင် အကြောင်းအရာတော်တော်များများဆွေးနွေးခဲ့ကြပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရပြောင်းလဲလာပေမယ့် ထူးခြားတိုးတက်မှုရှိမလာဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အခုလိုဆွေးနွေးပွဲမှာ အစိုးရဝန်ကြီးတွေ၊ ၀န်ကြီးချုပ်တွေ တက်ရောက်ဆွေးနွေးလာတာမျိုးကတော့ အရင်အစိုးရလက်ထက်နဲ့ ထူးခြားတယ်လို့ မြန်မာအစိမ်းရောက် ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။
အခုဆွေးနွေးပွဲဟာ မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ ၆ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပါတယ်။
အခု ၆ ကြိမ်မြောက် ဆွေးနွေးပွဲမှာ အရပ်ဖက် အဖွဲ့အစည်းတွေအပြင် အစိုးရအဖွဲ့ဝန်ကြီးတွေ သတင်းမီဒီယာသမားတွေ စုစုပေါင်း တက်ရောက်သူ ၂၆၁ ယောက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်ကတော့ စီမံကိန်းတွေရဲ့ အဓိကပြဿနာဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အချက်ဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
သဘာဝပတ်ဝန်းကျင်ရေးရာ ဆွေးနွေးပွဲ
Reviewed by THITHTOOLWIN
on
09:50
Rating:
