ဒိုက်ဦး ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အကြောင်ခင်တန်းကျေးရွာတံတားအနီး၌ ဒီဇင်ဘာ(၁၀) ရက် နံနက်(၄)နာရီခန့်က ထွေလာကုန်တင်ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးရှိ ကုက္ကိုလ်ပင်အား ဝင်တိုက်မိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဒိုက်ဦးမြို့မရဲစခန်းမှတာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း တောင်မှမြောက်သို့ (အမည်၊နေရပ်စုံစမ်းဆဲ) မောင်းနှင်ပြီး နောက်ခန်းတွင် ကိုအေးကျော် ဆိုသူလိုက်ပါလာသော YGN-2P/------(၂၀)ဘီးထွေလာကုန်တင်ယာဉ် သည် မိုင်တိုင် ၈၂/၂ နှင့် ၃ အကြားတွင် အရှိန်လွန်ပြီး လမ်းအရှေ့ဘက်ရှိ ကုက္ကိုလ်ပင်ကြီးအား ဝင်ရောက်တိုက်မိခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနှင်သူနှင့်လိုက်ပါလာသူနှစ်ဦးစလုံးရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့၍ ဒိုက်ဦးမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထွေလာကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးအပင်အားတိုက်မိ ယာဉ်ပေါ်ပါသူနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:39
Rating: