မစ္စတာ ဖက်မန်နဲ့ မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong-ho တို့ တွေ့ဆုံစဉ် |
ကုလသမဂ္ဂကိုယ်စားလှယ် Jeffrey Feltman ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက မြောက်ကိုးရီးယားနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဒီခရီးစဉ်ဟာ ၆ နှစ်တာ ကာလအတွင်း ကုလသမဂ္ဂ ထိပ်တန်း အရာရှိတယောက်ရဲ့ ပထမဆုံးအကြိမ် မြောက်ကိုးရီးယား ခရီးစဉ်ဖြစ်လာပါတယ်။
မြောက်ကိုးရီးယားကလည်း ကုလသမဂ္ဂနဲ့ ပုံမှန်ဆက်သွယ်မှုတွေ ပြုလုပ်ဖို့ သဘောတူခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်းက မြောက်ကိုးရီးယားက မစ်ဆိုင်းဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ခဲ့ပြီး တင်းမာမှုတွေက မြင့်တက်လာနေတာပါ။
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအမ် |
ကုလသမဂ္ဂက မြောက်ကိုးရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုတွေပြုလုပ်ခဲ့ပြီး ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ နျုကလီးယား စမ်းသပ်မှုတွေက ပိတ်ဆို့အရေးယူမှုတွေကို အာခံတာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြောက်ကိုးရီးယားနိုင်ငံမှာ စားနပ်ရိက္ခာ အကူအညီပေးရေး အစီအစဉ်တွေ ၊ စိုက်ပျိုးရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အကူအညီပေးမှုတွေကို ဆက်လုပ်နေခဲ့ပေမဲ့ ထိပ်တန်းအရာရှိတွေကတော့ ၂၀၁၁ ခုနစ်က စလို့ မြောက်ကိုးရီးယားကို သွားရောက်ခြင်း မရှိတော့ပဲ အခု ၂၀၁၇ ခုနစ်မှာမှ ပြန်လည်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နိုင်ငံရေးဆိုင်ရာ အရာရှိ Mr Feltman ဟာ မြောက်ကိုးရီးယား ထိပ်သီးအရာရှိတွေနဲ့ တွေ့ခွင့် ရခဲ့ပြီး အခုလက်ရှိအချိန်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တင်းမာမှု အမြင့်ဆုံး အခြေအနေဆိုတာ မြောက်ကိုးရီးယားဘက်က သဘောတူ လက်ခံတယ်လို့ ပြောကြောင်းလည်း သူက ပြောပါတယ်။
တွက်ချက်မှု လွဲမှားတဲ့ ကြိုတင်ပြင်ဆင်မှုက အရေးပေါ် မလိုအပ်ပဲ ပဋိပက္ခနဲ့ တင်းမာမှုတွေ လျှော့ချနိုင်မဲ့ လမ်းကြောင်းရှာဖို့ကသာ အရေးပေါ် လိုအပ်တဲ့ အရာဖြစ်တယ်လို့ မစ္စတာ ဖက်မန်းက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြောက်ကိုးရီးယားနဲ့ စစ်မက်ဖြစ်ပွားမှုကို ရှောင်ရှားမဲ့ လမ်းကြောင်းရှာဖို့လို
Reviewed by THITHTOOLWIN
on
19:29
Rating: