(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​အနီး အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ


မူဆယ် - ​ဒီဇင်​ဘာ ၂၄

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း) မူဆယ်​ခရိုင်​ မူဆယ်​မြို့နယ် ​မိုင်းယု(၁၀၅)ကုန်​သွယ်​​ရေးဇုန်​အနီး ပြည်​​ထောင်​စုလမ်းမကြီး​ဘေး ကတ္တား​ဟောင်းအ​ရှေ့ ခြုံဖုတ်အတွင်း၌ ဒီဇင်​ဘာ(၂၅)ရက်​ နံနက်​(၉)နာရီအချိန်​ခန့်​က အမည်​မသိလက်​နက်​ကိုင်​အဖွဲ့မှ ​ထောင်​ထား​သော အ​ဝေးထိန်းမိုင်း(၁)လုံး ​တွေ့ ရှိခဲ့သည်​။

အဆိုပါ မိုင်း​တွေ့ရှိ့ခဲ့သည့်​​နေရာသို့ တပ်​မ(၈၈)လက်​​အောက်​ခံ တပ်​ရင်းခမရ(၄၁၅)မှ စစ်​​ကြောင်းမူး ဒုတပ်​ရင်းမူး သိန်းလှိုင်​ဦးနှင့် စစ်​​ကြောင်း အဖွဲ့များ၊ ကုန်​သွယ်​​ရေးဇုန်​အတွင်းလုံခြုံ​ရေးတာဝန် ထမ်း​ဆောင်​​နေ​သော(OSS)မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့များ၊ နယ်​​မြေခံရဲကင်းမှ တာဝန်​ရှိသူများ။မူဆယ်​သတင်းရဲတပ်​ဖွဲ့များ၊ နမ်းခမ်းမြို့မပြည်​သူ့စစ်​အဖွဲ့နှင့် လုံထန်​ပြည်​သူ့စစ်​အဖွဲ့များ၊ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ ရပ်​မိရပ်​ဖများ​ရောက်​ရှိလာပြီး ​ထောင် ထား​သော မိုင်းအားကြည့်​ရူ့ စစ်​​ဆေးခဲ့ပြီး ​နောက်​ ​ရှေ့တန်းအမှတ်​ခမရ(၄၁၅)တပ်​ရင်း စစ်​​ကြောင်းအဖွဲ့မှ တာဝန်​ရှိသူများက မိုင်းကိုသက်​မဲ့ပြု လုပ်​ခဲ့ပြီး ​အောင်​မြင်​စွာ ရှင်းလင်းဖယ်​ရှား​ပေးခဲ့​ကြောင်း သိရသည်​။

သတင်း - ဓာတ်​ပုံ ။  ။ သန့်​ဇင်​ (မူဆယ်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​အနီး အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ (၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​အနီး အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.