မော်တော်ဆိုင်ကယ် အရှိန်မထိန်းနိုင် တိုက်မှုဖြစ်ပွား လူတစ်ဦးသေဆုံး


မကွေး-ဒီဇင်ဘာ ၁၀

၂၀၁၇ ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် မကွေးမြို့နယ် မိချောင်းရဲ ရဲစခန်း သစ်ရာကောက်ရဲကင်းနယ်မြေ စမ်းမကြီးကျေးရွာ တောင်ဘက် သစ်ရာကောက်-ကိုးပင် ကားလမ်းတွင် ဆိုင်ကယ်အချင်းချင်းတိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြောင်း မကွေးမြို့နယ် မိချောင်းရဲ ရဲစခန်း သစ်ရာကောက်ရဲကင်းမှ သိရှိရသည်။


ဖြစ်စဉ်မှာ မိချောင်းးရဲ ရဲစခန်း အရှေ့တောင်ဘက် ၁၅ မိုင်အကွာ သစ်ရာကောက်-ကိုးပင်ကားလမ်း မိုင်တိုင်အမှတ် (၈/၃နှင့်၈/၄)ကြား သစ်ရာကောက်ဘက်မှ ကိုးပင်ဘက်သို့ စိန်မောင်မြင့် အသက် ၃၃/၂၀၁၇နှစ် (ဘ)ဦးမောင်ငယ် အလယ်ဘိုကျေးရွာ မကွေးမြို့နယ်နေထိုင်သူ မောင်းနှင်သော ၁၂ယ/--------NANBO-125 အနက်ရောင် ဆိုင်ကယ်(ယာဉ်မောင်းလိုင်စင်မရှိ ၊ဦးထုပ်မဆောင်း၊ ဘက်မှန်မတပ် ၊အရက်သောက်ထားခြင်းရှိ) ၄င်းဆိုင်ကယ်နောက်တွင် တစ်ရွာတည်းနေထိုင်သူ ကိုပေါက်စ အသက် ၅၁/၂၀၁၇နှစ် (ဘ)ဦးညီစိန်မှ လိုက်ပါစီးနှင်းမောင်းနှင်လာစဉ် ကိုးပင်ဘက်မှ သစ်ရာကောက်ဘက်သို့ မောင်စိုပြေ အသက်၂၀/၂၀၁၇နှစ် (ဘ)ဦးကိုဌေး စတုတ္ထနှစ်(အင်္ဂလိပ်စာ)ရွှေအိုး(၁)ရပ်ကွက် တောင်တွင်းကြီးမြို့နယ် နေထိုင်သူမောင်းနှင်သော ၅၉ယ/-------Smash 125 အနက်ရောင် ဆိုင်ကယ်နောက်တွင် ကျော်ဇင်ဦး အသက် ၂၁/၂၀၁၇နှစ် သပြေစမ်းကျေးရွာ ပေါက်ခေါင်းမြို့နယ် နေထိုင်သူ လိုက်ပါစီးနှင်းလာသောဆိုင်ကယ်အား စိန်မောင်မြင့် စီးနှင်းမောင်နှင်လာသည့် ဆိုင်ကယ်မှ တစ်ဘက်ယာဉ်ကြောရှိ ဆိုင်ကယ်အားဝင်တိုက်ခဲ့မိရာ မောင်စိုပြေတွင် ယာမျက်ခုံး ဖူးရောင်ဒဏ်ရာ၊ ယာလက်ပွန်းချစ်ဒဏ်ရာ၊ (မစိုးရိမ်ရ) ကျော်ဇင်ဦးတွင် နဖူးပိန်ချုံးဒဏ်ရာ၊ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ (စိုးရိမ်ရ)နှင့် ဦးပေါက်စတွင် ယာခြေတလုံးအသားပွန်းချစ်ဒဏ်ရာ၊ (မစိုးရိမ်ရ) စိန်မောင်မြင့်တွင် ယာပါးဖူးယောင်ဒဏ်ရာ၊နဖူးပေါက်ပြဲဒဏ်ရာ၊ယာဒူးကျိုးဒဏ်ရာ၊ဝဲလက်မောင်းပြုတ်ထွက်ဒဏ်ရာ၊ တို့ရရှိခဲ့သဖြင့် အခင်းဖြစ်နေရာသို့ စုံစမ်းစစ်ဆေးရန် ရောက်ရှိနေသော ရဲအုပ်ထွန်းအောင်ကျော်နှင့်တပ်ဖွဲဝင်များသည် သက်သေများနှင့်အတူ ဒဏ်ရာရရှိသူများအား သစ်ရာကောက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ဆိုင်ကယ်ယာဉ်မောင်း စိန်မောင်မြင့်မှာ ရရှိထားသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။


သို့ဖြစ်ပါ၍ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်အားမဆင်မခြင် မောင်းနှင်ပြီး တဖက်ယာဉ်ကြောသို့ အရှိန်မထိန်းနိုင်ဘဲရောက်ရှိပြီး တဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား ဝင်တိုက်သူ စိန်မောင်မြင့်အား သစ်ရာကောက်နယ်မြေရဲကင်းမှူး ရဲအုပ်ထွန်းအောင်ကျော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မိချောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈/၃၀၄-ကအရ အမှုရေးဖွင့်ပြီး အမှုအား ရဲအုပ်ထွန်းအောင်ကျော်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

လှိုင်ဘွား ( မြို့သစ် )
မော်တော်ဆိုင်ကယ် အရှိန်မထိန်းနိုင် တိုက်မှုဖြစ်ပွား လူတစ်ဦးသေဆုံး မော်တော်ဆိုင်ကယ် အရှိန်မထိန်းနိုင် တိုက်မှုဖြစ်ပွား လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.