![]() |
Photo: Samdech Hun Sen, Cambodian Prime Minister facebook |
ဒီဆုတောင်းပွဲကို ၀န်ကြီးချုပ် ဟွန်ဆန် ဦးဆောင်ပြီး ကျင်းပတာဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကို ဟွန်ဆန် အစိုးရက ဖျက်သိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပွားနေတာပါ။ နိုင်ငံမှာ အတိုက်အခံပါတီမရှိတော့ လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ ပြိုင်ဘက်မရှိ အနိုင်ရရှိမယ့် အနေအထားလည်း ရှိနေပါတယ်။
သုံးသပ်သူတွေ အဆိုအရ အဖျက်သိမ်းခံရတဲ့ CNRP ပါတီဟာ အာဏာရပါတီကို လာမယ့် ရွေးကောက်ပွဲမှာ အကြီးအကျယ်စိန်ခေါ်နိုင်တဲ့ ပါတီဖြစ်ပြီး လူငယ်လူရွယ်တွေရဲ့ မဲအများစုကိုရရှိလိမ်မယ်လို့ အစောပိုင်းက ခန့်မှန်းထားပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ဟာ နိုင်ငံအာဏာကို ၁၉၈၅ ခုနှစ်က ရရှိခဲ့သူဖြစ်ပြီး သူကိုယ်သူ ကမ္ဘာ့အရှည်ကြာဆုံး ၀န်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ဖို့ ကြိုးစားနေသူလည်းဖြစ်တယ်လို့ ကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
ကျင်းပခဲ့တဲ့ ဆုတောင်းပွဲအခမ်းအနားမှာ သံဃာတော် ၅၀၀၀ ကျော်ပါဝင်ပြီး ကမ္ဘာလှည့်ခရီးသွားဝန်ကြီး က ဆုတောင်းပွဲကို ငြိမ်းချမ်းရေးတည်ငြိမ်းရေးနဲ့ ချမ်းသာရေးတွေအတွက် ကျင်းပခဲ့တာပါလို့ ပြောပါတယ်။ ကမ္ဘောဒီးယားမှာ ဘာအခက်အခဲ ပြဿနာမှမရှိပါဘူး နိုင်ငံရေးသမား တချို့ကသာ ကိုယ့်ပြဿနာကိုယ် ရှာနေကြတာဖြစ်တယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
နိုင်ငံရေးတည်ငြိမ်မှုရရှိစေဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆုတောင်းပွဲ ကျင်းပ
Reviewed by THITHTOOLWIN
on
17:36
Rating:
![နိုင်ငံရေးတည်ငြိမ်မှုရရှိစေဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆုတောင်းပွဲ ကျင်းပ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN646UTCNO6UL0RqQfsokO6qBJMVCZjQ3aOsHkDJB1lNaNaoipXgUMA3ae_d4bynL44wnsxJxYzMHdbSmwOt4X1l636vNTS_zMSUYQD6LcXtA9PY91u05oTbHBmZqsJFuSnrHjGcYLhuVN/s72-c/1.jpg)