ဗဟန်းမြို့နယ်တွင် အိမ်ထောင်စုစာရင်း ၂၁ စောင်နှင့် မှတ်ပုံတင်မူရင်း ၁၂၉ ခု စွန့်ပစ်ထားသဖြင့် တာဝန်ရှိသူများ စစ်ဆေးနေ
![]() |
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန |
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက် ကန်တော်ကြီးဝင်းအတွင်း နဂါးကျွန်း မြက်ခင်းပြင်၌ အိမ်ထောင်စုစာရင်း ၂၁ စောင်၊ မှတ်ပုံတင် မူရင်း ၁၂၉ ခု စွန့်ပစ်ထားသည်ကို တွေ့ရှိရ၍ အဆိုပါ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်များမှာ တရားဝင် ဟုတ်မဟုတ် တာဝန်ရှိသူများမှ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း၊ တာာမွေမြို့နယ်နေ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာန ညွန်ကြားရေးမှူး (အငြိမ်းစား) ဦးမျိုးသိန်းမှာ နဂါးကျွန်းမြက်ခင်းပြင်တွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ စွန့်ပစ်ထားသည်ကို ယမန်နေ့က တွေ့ရှိရသည့်အတွက် တာဝန်ရှိသူများအား အကြောင်းကြားခဲ့ရာ ဗဟန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ စိစစ်မှုများပြုလုပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးဌာန၏ စစ်ဆေးချက်အရ အိမ်ထောင်စုစာရင်း ၂၁ စောင်မှာ ရန်ကုန်တိုင်းမှ ၁၄ ခု၊ မန္တလေးတိုင်းမှ ၇ ခုဖြစ်ပြီး မှတ်ပုံတင်ကဒ်ပြား ၁၂၉ ခုမှာ မန္တလေးတိုင်းမှ ၈၄ ခု၊ မကွေးတိုင်းမှ ၆ ခု၊ ပဲခူးတိုင်းမှ ၄ ခု၊ တနင်္သာရီတိုင်းမှ ၁ ခု၊ ဧရာဝတီတိုင်းမှ ၁၇ ခု၊ ရန်ကုန်တိုင်းမှ ၅ ခု၊ မွန်ပြည်နယ်မှ ၆ ခု၊ ရခိုင်ပြည်နယ်မှ ၁ ခု၊ ရှမ်းပြည်နယ်မှ ၁ ခုနှင့် ဖတ်ရှု၍မရသည့် မှတ်ပုံတင် ၄ ခုတို့ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည် နယ်များသို့ ဆက်သွယ်ကာ တရားဝင်ထုတ်ပေးထားရှိသော အိမ်ထောင်စုစာရင်း/ မှတ်ပုံတင်ကဒ်များ
ဟုတ်/မဟုတ် စိစစ်နိုင်ရန် တာဝန်ရှိသူများမှဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းမ် / Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ဗဟန်းမြို့နယ်တွင် အိမ်ထောင်စုစာရင်း ၂၁ စောင်နှင့် မှတ်ပုံတင်မူရင်း ၁၂၉ ခု စွန့်ပစ်ထားသဖြင့် တာဝန်ရှိသူများ စစ်ဆေးနေ
Reviewed by THITHTOOLWIN
on
21:07
Rating:
![ဗဟန်းမြို့နယ်တွင် အိမ်ထောင်စုစာရင်း ၂၁ စောင်နှင့် မှတ်ပုံတင်မူရင်း ၁၂၉ ခု စွန့်ပစ်ထားသဖြင့် တာဝန်ရှိသူများ စစ်ဆေးနေ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5UfQ6bhzMrC-rft8ekOSqx8JNvRRrLuOMAovAF8iO3QZwXgkb_YcTNWrRZecQALJsxAajV94Ts4PdeUoX9zoOVlGrfkj5MrCcAL4SEebLcOu-L7c7SjL_GeJLSGrC0Hp5QxFiN02Ma33k/s72-c/1.png)