တနသာင်္ရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအပြင်လမ်း ဘုရားမဲလမ်းဆုံအနီး ကားနံဘေးမှာ ဒီဇင်ဘာ(၁၆)ရက် မနက်(၇)နာရီခွဲက လူတစ်ဦးလဲကျသေဆုံးနေတယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ နယ်မြေရဲစခန်းမှူးနဲ့ အဖွဲ့က သက်သေတွေနဲ့အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ရာမှာခဲရောင်မော်တော်ယာဉ်ဟာ လမ်းယာဘက်ခြမ်း အရှ့ဘက်ကို ခေါင်းတည်ရပ်ထားပြီး ယာဉ်မောင်းသူရဲ့ ဘက်ခြမ်း ကားတံခါးပွင့်နေကာ မြေပြင်ပေါ်မှာ အမျိုးသားတစ်ဦး ပလက်အနေအထားနဲ့ ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရပါတယ်။
သေဆုံးမှုနဲ့ပတ်သက်လို့ ကံပေါက်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို လင်းလင်း(ရေဖြူ) ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ရေဖြူမြို့နယ် ဘုရားမဲလမ်းဆုံအနီး ကားနံဘေးတွင် လူတစ်ဦးလဲကျ သေဆုံးနေ
Reviewed by THITHTOOLWIN
on
20:23
Rating:
