![]() |
ကရင်နှစ်သစ်ကူးနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်။ |
ငြိမ်းချမ်းရေးခရီးလမ်းကို ဖြတ်သန်းလျှောက်လှမ်းတဲ့အခါမှာလည်း ကရင်မော်ဒယ်ဆိုပြီး ပြောစမတ်တွင်ရအောင် လက်တွေ့ကျကျဦးဆောင်ပြသခဲ့တာကိုလည်း အထင်အရှား ပဲဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်။
"အခုဆိုရင် ကရင် ပြည်နယ်ဒေါနတောင်တန်းတွေမှာ အောင်ပွဲခံတဲ့ဖားစည်သံတွေလွင့်ပြံနေပါပြီ သေနတ်သံတွေတိတ်ဆိတ်ပြီး ငြိမ်းချမ်းခြင်းရဲ့မေတ္တာတေးသံတွေ စာသင်ကျောင်းက စာအံသံတွေနဲ့ခေါင်းလောင်းသံတွေပျံ့လွင့်နေပါပြီ" လို့ ဒေါ်စုက ပြောပါတယ်။
၂၇၅၇ ခုနှစ် ကရင်နှစ်သစ်ကူးအခမ်းအနားကို ရန်ကုန်မြို့၊ နေပြည်တော်နဲ့ တကမ္ဘာလုံးက ကရင်တိုင်းရင်းသားတွေ ကျင်းပခဲ့ကြပါတယ်။ ကရင်ရိုးရာလက်ဝှေ့ပွဲ၊ ဒုံးအကနဲ့ တခြားယှဉ်ကျေးမှုအားကစားပြိုင်ပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က "ကရင်တိုင်းရင်းသားတွေနဲ့ကရင်မြေမှာ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်တွေ တဖြေးဖြေးနဲ့ဝေဆာလာခဲ့ပါပြီ။ အချို့ဆို မငြိမ်းချမ်းသေးတဲ့ ဒေသတွေဆီက ပြည်သူတွေဟာ ဝမ်းသာအားရ အားကျစွာနဲ့ငေးမျှော်ကြည့် ခြင်းကိုခံနေရပါပြီ။"
ယနေ့အချိန်အခါမှာကရင်တိုင်းရင်းသားတွေအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရဲရဲရင့်ရင့်နဲ့ပူးပေါင်းပါဝင်လျှောက်လှမ်းနေတာကိုလဲ ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ တွေ့မြင်ကြရပါတယ်။ အဲဒီအတွက်လည်း ကရင်ခေါင်းဆောင်ကြီးများ ကရင်တိုင်းရင်းသားများ ငြိမ်းချမ်းရေးအကျိုးဆောင်များအားလုံးကို ကျေးဇူးအထူး တင်ရှိရပါ ကြောင်းအခွင့်အခါသင့်တဲ့ အခိုက်မှာ ပြောလိုပါတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကရင်ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးမှာ စံနမူနာဟု ဒေါ်စုပြော
Reviewed by THITHTOOLWIN
on
16:38
Rating:
