ဆန်တီယာဂို ဒီဇင်ဘာ ၁၇
ချီလီနိုင်ငံတောင်ဘက်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ငါးဦးသေဆုံးခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ယနေ့သတင်းများအရသိရသည်။
ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုတောင်ဘက် ကီလို မီတာ ၁၂ဝဝ ခန့်အကွာအဝေးတွင်ရှိသော ဆန်တာလူဆီယာကျေးရွာတွင် မြေပြိုကျမှုဖြစ်ပွား ခဲ့ရာ ယင်းကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်အများအပြား မြေများဖုံးလွှမ်းသွားခဲ့ ကြောင်း သိရသည်။
ရဲအရာရှိများ၏ မှတ်တမ်းဓာတ်ပုံတစ်ခုတွင် လုနေအိမ်များအား မြေကြီးများဖုံးလွှမ်း နေသည့်မြင်ကွင်းကို ကောင်းကင်ယံမှ တွေ့ရှိရသည်။
မြေပြိုမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော ဒုက္ခသည်များအား ကူညီထောက်ပံ့မှုများ ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် မြေပြိုကျခဲ့သော နေရာကို ဘေးအန္တရာယ် ကျရောက်သည့် နေရာအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သမ္မတ ဘာချီလတ်က မီဒီယာသို့ ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်သားများက မြေပြိုကျရာနေရာသို့ သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆန်တာလူဆီယာကျေးရွာတွင် မြေများပြိုကျမှုမဖြစ်ပွားမီ မိုးများသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ဒေသန္တရသတင်းဌာနများက ဆိုသည်။
အင်န်အိတ်ခ်ျကေ
The Mirror Daily
https://www.facebook.com/TheMirrorDaily
ချီလီနိုင်ငံတောင်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် မြေပြိုကျမှုဖြစ်ပွား၊ လူငါးဦးသေဆုံး
Reviewed by THITHTOOLWIN
on
11:28
Rating:
