နေပြည်တော် ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့နံနက် ၁ နာရီခန့်တွင် မြို့မရဲစခန်း၏ အရှေ့ဘက် ခြံစည်းရိုးမှ ခုနစ်အိမ်မြောက် လမ်းဘေးအုတ်တံတိုင်း အနီးတွင် မိုင်းနှစ်လုံး၊ အဆိုပါ ရဲစခန်း၏ အရှေ့မြောက်ဘက် မီတာ ၃ဝဝ ခန့်အကွာရှိ လူမနေသည့် အပ်ချုပ်ဆိုင်ရှေ့တွင် မိုင်းတစ်လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ အဆောက်အအုံနှင့် ခြံစည်းရိုးများ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကာ ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေး အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လူအဝင်/အထွက် ပိတ်ဆို့ရှာဖွေ ခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ဖားကန့်မြို့နယ်အတွင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:23
Rating:
