![]() |
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်/ Photo: Thiha Tun/RFA |
ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုချက်တောင်းခံတဲ့အတွက် သမ္မတရုံးဝန်ကြီးဌာနက ခွင့်ပြုတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
"ပြည်ထဲရေးက တင်တယ်၊ သမ္မတရုံးက ခွင့်ပြုထားတယ်၊ ဒီဟာဖြစ်တဲ့အတွက် ဒီပုဒ်မနဲ့စွဲတင်ရင် ခွင့်ပြု ချက်တောင်းတယ်၊ ခွင့်ပြုပေးတယ် စွဲထားတယ်၊ ကျနော်တို့က အခုချိန်မှာ ဒီမှုနဲ့ပတ်သက်လို့ ထင်မင်ယူဆ ချက်တွေ ဘာမှပြောပေးလို့မရဘူး၊ ဘာ့ကြောင့်လဲဆိုတော့ တရားရုံးကိုရောက်သွားတဲ့ ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့က တရားရုံးရဲ့အပေါ်မှာ သက်ရောက်မယ့်ဘာကိစ္စမှ ကျနော်တို့ ပြောလို့မရဘူး"
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၂ ရက်နေ့ညက ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးခေါ် ကိုသက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ကို အခုချိန်ထိ ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေးနေ တယ်ဆိုတာ မိသားစုဝင်တွေ မသိရသေးပါဘူး။ မိသားစုနဲ့ တွေ့ဆုံခွင့်မရှိတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနထံသာ မေးမြန်းဖို့ ဦးဇော်ဌေးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေက တောင်းဆိုတာတွေ ရှိနေသလို မြန်မာ့သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
RFA Burmese
http://www.rfa.org/burmese
သမ္မတရုံးခွင့်ပြုချက်နဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို တရားစွဲဆိုကြောင်း ပြော
Reviewed by THITHTOOLWIN
on
20:04
Rating:
