ရထားအမှတ် ၉၃၈ မြစ်ကြီးနား-မ္တလေးအစုန် ကုန်ရထားဘီးချော် တိမ်းမှောက်


အင်းတော် ဒီဇင်ဘာ ၂၄

မြစ်ကြီးနား-မန္တလေးရထား အမှတ် ၉၃၈ အစုန်ကုန်ရထားသည် ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် အင်းတော် မြို့နယ် အင်းတော်ဘူတာနှင့် နဘားဘူတာ ကြားရထားဘီးချော်ကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားဘက်မှ မ္တလေးဘက်သို့ စက်ခေါင်းမောင်း ဦးဇော်ထွန်းဦးနှင့် ဦးဇော်ဇော်အောင်၊ ရထားထိန်း ဦးတင်မင်းသန့်တို့ မောင်းနှင် လာသည့် စက်ခေါင်းအမှတ် DF 2059 ရထားအမှတ် ၉၃၈ အစုန်ကုန်ရထား သည် နဘားဘူတာမှ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်က စတင်ထွက်ခွာလာခဲ့ရာ နဘား ဘူတာနှင့် နှစ်မိုင်ခန့်အကွာ မီးရထား မိုင်တိုင်အမှတ် ၅၈၇/၁၇ နှင့် ၅၈၇/၁၁ အကြားအရောက် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် ဘီးချော်၍ တွဲလေးတွဲ တိမ်းမှောက်ကာ ငါးတွဲမှာ တိမ်းစောင်း သွားခဲ့သည်။

အခင်းဖြစ်ရာသို့ အင်းတော်ဘူတာ ရုံပိုင်ကြီး၊ နဘားဘူတာရုံပိုင်ကြီးနှင့် ဝန်ထမ်းများ၊ အင်းတော်မြို့မှ ဌာနဆိုင်ရာ များ သွားရောက်ကူညီပေးခဲ့ကြသည်။ ထိုဖြစ်စဉ်ကြောင့် ရထားလမ်းကွန်ကရစ် ဇလီဖားတုံး ၂ဝဝ ခန့် ကြေမွကျိုးပဲ့ ခဲ့ကြောင်း၊ ရထားလိုက်ဝန်ထမ်းတစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိ ကြောင်း ရထားထိန်း(ဂါတ်ဗိုလ်) ဦးတင် မင်းသန့်က ပြောကြားသည်။

ထို့နောက် လမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်ရေးတွက် မြန်မာ့မီးရထားကရိန်း တို့ဖြင့် အင်းတော်၊ နဘားနှင့် မိုးညှင်းလမ်း မှ မီးရထားဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လမ်းပိုင်းပွင့်နိုင်ရေး ဆောင်ရွက်နေ ချိန်တွင် ခရီးသည်များ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် ရထားပြောင်းစီး နိုင်ရန် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးရထားလမ်းပိုင်းကို နှစ်ရက်ခန့်နှင့်အပြီး ပြန်ဖွင့်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ခင်မောင်ဆွေ(မော်လူး)၊
ဓာတ်ပုံ-ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရထားအမှတ် ၉၃၈ မြစ်ကြီးနား-မ္တလေးအစုန် ကုန်ရထားဘီးချော် တိမ်းမှောက် ရထားအမှတ် ၉၃၈ မြစ်ကြီးနား-မ္တလေးအစုန် ကုန်ရထားဘီးချော် တိမ်းမှောက် Reviewed by THITHTOOLWIN on 09:55 Rating: 5
Powered by Blogger.