မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ရပ်ကွက်ကြီး(၂)၊ နယ်မြေ(၁၀)ရှိ ၀ါကြိတ်စက်ရုံမှာ ဒီဇင်ဘာ(၃)ရက် ညနေ(၄)နာရီ မိနစ်(၄၀)အချိန်ခန့်က လျှပ်စစ်ဝါယာ ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ မီးလောင်ကျွမ်းမှုကို မလှိုင်မြို့ မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်(၁၄)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးနဲ့ မလှိုင်မြို့ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်ရေးအသင်းက လူမှုကူညီရေးအဖွဲ့ဝင်တွေ စုပေါင်းငြှိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီ (၁၀)မိနစ်မှာ မီးငြိမ်းခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ကျပ်(၂)သိန်းကျော်ရှိ ၀ါတွေကို ဆုံးရှုံးခဲ့ပေမယ့် တခြားထိခိုက် ဆုံးရှုံးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး မလှိုင်မြို့မရဲစခန်းက (ပ)၁၄၉/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ဆောင်ရွက် နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်)ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
မလှိုင်မြို့တွင် ဝါကြိတ်စက်ရုံ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
22:14
Rating:
![မလှိုင်မြို့တွင် ဝါကြိတ်စက်ရုံ မီးလောင်မှုဖြစ်ပွား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhmal6VWq4CAf6uSVFeQFfxZXWQJo5lRaYAsOIYmHIFteA513gU9H0AFisWZdlFdzgusFbzjhnIJQro1PtyPyolQ1KZ1QwGefiTS9m1gSE8Rj1AK6FmjWh1lKezS_7-2-ATu6cVDNpKKyd/s72-c/1.jpg)