အမေရိကန် သမ္မတ ထရမ့် ကို မလေးရှား၊ အင်ဒိုနီးရှား တို့မှာ ဆန္ဒပြ

(အမေရိကန် သမ္မတ ထရမ့် ကို တွေ့ရစဉ်) Photo: Donald J. Trump - twitter
အစ္စရေးနိုင်ငံရဲ့ ဂျရူစလမ်မြို့ကို မြို့တော်အဖြစ် တရားဝင် အသိအမှတ်ပြုဖို့ အမေရိကန် သမ္မတ ထရမ့်က ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ ဒီနေ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမေရိကန်သံရုံးရှေ့မှာ လူ ၂ ထောင် ၃ ထောင်လောက်က အမေရိကန် ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်အော်ပြီး သမ္မတ ထရမ့်ရဲ့ ရုပ်ပုံကြီးကို မီးရှို့ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာတော့ ပါလက်စတိုင်း အလံတွေကိုင်ဆောင်ထားတဲ့ လူ ၁ ထောင်ကျော်လောက်က အမေရိကန်သံရုံးရှေ့မှာ စုရုံးပြီး ဆန္ဒပြကြပါတယ်။ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုကလည်း အခုချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့ အမေရိကန်အစိုးရကို မနေ့က တိုက်တွန်းခဲ့ပါတယ်။

တကယ်လို့ လောလောဆယ် တဲလ်အဗစ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ဂျရူစလမ်မြို့ကို ရွှေ့လိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံရေးအခြေအနေဟာ ပိုမိုရှုပ်ထွေးလိမ့်မယ်လို့ ပါလက်စတိုင်း အစိုးရက ကန့်ကွက်ထားပြီး ဥရောပနိုင်ငံတချို့နဲ့ အာရပ်နိုင်ငံတွေ စုစုပေါင်း ၁၇ နိုင်ငံကလည်း အလားတူ ပြောနေကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အမေရိကန် သမ္မတ ထရမ့် ကို မလေးရှား၊ အင်ဒိုနီးရှား တို့မှာ ဆန္ဒပြ အမေရိကန် သမ္မတ ထရမ့် ကို မလေးရှား၊ အင်ဒိုနီးရှား တို့မှာ ဆန္ဒပြ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.