အီရတ် အိုင်အက်စ် စစ်ပွဲပြီးဆုံးကြောင်းကြေညာ

စစ်ပွဲ အပြီး မြို့ပျက်ကြီးလို ဖြစ်ကျန်ခဲ့တဲ့ မိုဆူးလ်မြို့
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်အာဘဒီ ကအစ္စလာမ်နိုင်ငံအဖွဲ့ အိုင်အက်စ်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲပြီးဆုံးသွားပြီလို့ ကြေညာလိုက်ပါတယ်။

အီရတ်တနိုင်ငံလုံးမှာ အီရတ်အလံလွှင့်ထူနိုင်ခဲ့ပြီလို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ အီရတ်ဝန်ကြီးချုပ်က ပြောလိုက်တာဖြစ်ပါတယ်။

ဒီနေ့ တနင်းဂနွေနေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ်သတ်မှတ်ပြီး အောင်ပွဲခံမှာမို့ ရုံးပိတ်ရက်ကြေညာ ထားပါတယ်။

အမေရိကန်ကလည်း အီရတ်မှာ မိစ္ဆာသိမ်းပိုက်မှု ပြီးဆုံးသွားပြီလို့ ပြောခဲ့ပါတယ်။

ရုရှားစစ်တပ်က ဆီးရီးယားမှာ ရုရှားရဲ့ စစ်ရေးဆောင်ရွက်ချက်ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆီးရီးယားမှာ အိုင်အက်စ် ထိန်းချုပ်ဒေသမရှိတော့ကြောင်း ကြေညာအပြီး ၂ ရက်အကြာမှာ အခုလိုကြေညာခဲ့တာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အီရတ် အိုင်အက်စ် စစ်ပွဲပြီးဆုံးကြောင်းကြေညာ အီရတ် အိုင်အက်စ် စစ်ပွဲပြီးဆုံးကြောင်းကြေညာ Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.