ခရစ်စမတ်ကာလ ရောက်မယ့်အချိန် တပါတ်အလို ဒီကနေ့  ဒီဇင်ဘာလ ၁၇ ရက်နေ့ မှာ ပါကစ္စတန်နိုင်ငံ Balochistan ဘလုဂျစ်စတန် ပြည်နယ် အတွင်းက packed Catholic church ခရိယာန်ဘုရားကျောင်းကို အသေခံ သေနတ်သမားနှစ်ဦးက ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအသေခံသေနတ်သမားနှစ်ဦးဟာ ဗုံးခါးပါတ်တွေဝတ်ဆင်ထားပြီး မောင်းပြန်သေနတ်တွေ ကိုက်ဆောင်ကာ ဒီကနေ့ တနင်္ကနွေနေ့  မှာ ခရိယာန်ဘာသာဝန်တွေ လာရောက် ၀တ်ပြုဆုတောင်းနေကြတဲ့အချိန်နဲ့ ကိုက်ပြီး ၀င်ရောက်ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။
သေနတ်သမားတွေဝင်ရောက်ပစ်ခတ်တဲ့အချိန် မှာ အဆောက်အဦးအတွင် ၀တ်ပြုဆုတောင်နေသူ ၄၀၀ ကျော်ရှိနေပါတယ် ၊ကျောင်းဝန်းေ၇ှ့ မှာ စောင့်နေတဲ့ ရဲတွေကိုဦးဆုံးပစ်ခတ် ပြီးမှအဆောက်အဦးအတွင်းတဲ့အခါကိုယ်မှာပါတ်ထားတဲ့ ဗုံးတွေကိုဖေါက်ခွဲလိုက်တာလို့ လည်း မျက်မြင်သက်သေဆွေကပြောပါတယ်။
ယခုဖြစ်ရပ်ကြောင့် အကြမ်းဖက်သမားနှစ်ဦးနဲ့ အတူ ခလေးငယ်တွေ အမျိုးသမီးတွေအပါအ၀င် (၈ )ဦးသေဆုံးပြီး ၄၅ ဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Credit CNN
Social Action for Children and Women - SAW
ခရစ်ယာန်ကျောင်းအတွင်း ၀တ်ပြုဆုတောင်းနေသူများအား သေနတ်သမားနှစ်ဦးက ၀င်ရောက်ပစ်ခတ်
Reviewed by THITHTOOLWIN
on
20:21
Rating:
