![]() |
Photo: 黃之鋒 Joshua Wong facebook |
တက်ကြွလှုပ်ရှားသူတွေ အဆိုအရ တရုတ်လက်အောက်မှာရှိတဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဟာ သူ့ရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရတော့မယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။ အဓိကက မကြာခင်ပြဌာန်းဖို့ရှိတဲ့ ဥပဒေသစ်တွေအပေါ်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။
အခုဆန္ဒပြပွဲကို ဦးဆောင်သူ Joshua Wong ၂၁ နှစ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ၂၀၁၄ ခုနှစ်က ဟောင်ကောင် တစ်မြို့လုံးပါဝင်ခဲ့တဲ့ ထီးလှုပ်ရှားမှုကို ဦးဆောင်ခဲ့လို့ ထောင်ကျခဲ့ပြီး လာမယ့် ကြာသပတေးနေ့မှာ နောက်အမှုတစ်ခုကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Joshua Wong က ဘယ်သူမှတော့ ထောင်ကျမခံချင်ပါဘူး ဒါပေမဲ့ ဒိီမိုကရေစီရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကျနော် ပေးဆပ်မှာဖြစ်ပါတယ်လို့ AFP သတင်းဌာနကို ပြောဆိုပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဟောင်ကောင်မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
Reviewed by THITHTOOLWIN
on
17:38
Rating:
![ဟောင်ကောင်မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqOqy-Bnt5HzDUsrWrjCo5bJpO7bKzIdTR7PUQS5Py7830zDBf2o4e9Kv744GW-_WeEiUjCBEivsohkVSWFcAIK2WZA8qXlT05y04UXkIQ-NurEvHBYudMBUcPUcX16SoN3eSiZm7l8hGQ/s72-c/2.jpg)