နယူးယောက်မြို့ ၌ ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံးဆီးနှင်းများ ကျဆင်းလာ

နယူးယောက်မြို့ ၌ ဆီးနှင်းများ ကျဆင်းနေသည်ကို ဒီဇင်ဘာ ၉ ရက်တွင် တွေ့ ရစဉ်(ဆင်ဟွာ)
နယူးယောက် ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ ၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများ ကျဆင်းခဲ့ကြောင်း နှင့် ၄င်းဆီးနှင်းများသည် ဒီဇင်ဘာ ၁ဝ ရက် နံနက်ပိုင်းအထိ ဆက်လက်ကျဆင်းနေမည်ဟု မျှော်လင့်ရကြောင်း သိရသည်။

အမေရိကန်အမျိုးသား ရာသီဥတုအဖွဲ့ ၏ ထုတ်ပြန်ချက်အရ နယူးယောက်မြို့ ၊ ဝက်ချက်စတာ(Westchester) ၊ အရှေ့ မြောက် နယူးဂျာစီ နှင့် အနောက်တောင် ကွန်နက်တီကက်(Connecticut) တို့ တွင် ဆီးနှင်း အများဆုံးကျဆင်းခဲ့ပြီး ခန့် မှန်းခြေ အမြင့် ၄ လက်မ မှ ၆ လက်မ အထိ ကျဆင်းခဲ့ကြောင်း ဆိုထားသည်။

ယင်းဒေသများတွင် နေထိုင်သူများအား လမ်းချော်မှု အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားရန် နှင့် မြင်နိုင်စွမ်းကျဆင်းမှု အခြေအနေများအတွက် ဂရုပြုကြရန် သတိပေးထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
နယူးယောက်မြို့ ၌ ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံးဆီးနှင်းများ ကျဆင်းလာ နယူးယောက်မြို့ ၌ ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံးဆီးနှင်းများ ကျဆင်းလာ Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.