ရခိုင်ဂေဇက်၊ ဒီဇင်ဘာ ၈
စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ရဲတပ်ရင်းအမှတ် (၁၂)ရှေ့တွင်ရှိသည့် ဓါတ်ဆီဆိုင်ခန်းဂိုဒေါင်တွင် ယနေ့ဒီဘာလ ၈ရက်နေ့ ညနေ ၄နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့၍ လူလေးဦးဒါဏ်ရာရရှိခဲ့ကြောင်း စစ်တွေရဲအုပ်နယ်ထိန်းခေါင်းဆောင်ဦးအေးခင်မောင် ထံမှ သိရသည်။
"စက်ရုံစုရပ်ကွက် က အစိုးရသတ်မှတ်ပေးထားတဲ့ ဆီတန်းဂိုဒေါင်မှာဖြစ်တာပါ။ အလုပ်သမားခေါင်းဆောင်ဦးမောင်သန်းနဲ့ တပည့်နှစ်ဦးဆီဖြည့်ချိန် အဖုံးပိတ်ပွတ်တိုက်ချော်ကျရာမှ ရှော့ဖြစ်ပြီးမီးကူးရာကနေ စတင်မီးလောင်ကျွမ်းမှုဖြစ်တာပါ။ လက်ရှိမှာဦးမောင်သန်းကိုပေါ့ဆမှုနှင့် ဖမ်ဆီး အရေးယူထားပါတယ်ဟု"နယ်ထိန်းဦးအေးခင်မောင်မှာပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ဂိုဒေါင်အလုပ်သမားနှစ်ဦး၏ လက်နှင့်ခြေထောက်များတွင် မီးလောင် ဒါဏ်ရာများရရှိပြီး မီးသတ်ဖွဲ့သားတစ်ဦးမှာရေပိုက်ဖြင့် ဝင်ငြိမ်းစဉ်ရင်ဘက်၌ ဒဏ်ရာရရှိ၍ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာလည်းလက်ပြတ်သွားသည်ဟုသိရသည်။
၎င်းဖြစ်စဉ်ကြောင့် ပျက်စီးမှုတန်းဖိုးမှာ ဂိုဒေါင်၏တန်ဖိုးသိန်း(၅၀)ခန့်ရှိပြီး ဂိုဒေါင်၏ အနောက်ဖက်တဲအိမ်နှစ်လုံးနှင့် ယာယီခန့်မှန်းတန်ဖိုးစုစုပေါင်း ၁၂၁သိန်းခန့်ရှိပြီး ပြည်နယ်လုံ/နယ် ဝန်ကြီးဦးဆောင်ပြီး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အခြားဌာနဆိုင်ရာအကြီးအကဲများနှင့် စုစုပေါင်းအင်အား (၁၀၀)ကျော်မှ မီးသတ်ကား ၁၂စီးဖြင့် မီးငြိမ်းသတ်ခဲ့ကြရာ ညနေ ၆း၅၀တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းနယ်ထိန်းဦးအေးခင်မောင်ဆိုသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် ဓါတ်ဆီဂိုဒေါင်ပိုင်ရှင်ဖြစ်သူ စစ်တွေမြို့
မိဇံရပ်ကွက်နေဒေါ်မသန်းရွှေနှင့် အလုပ်သမားခေါင်းဆောင်မောင်သန်း အပါအဝင် တာဝန်ရှိလူများအား ဖမ်းဆီးစစ်ဆေး၍ ဥပဒေအရ အရေးယူဆောင်ရွက်ရန် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
အေးသန္တာ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဓါတ်ဆီဆိုင်တန်း မီးလောင်မှုဖြစ်ပွား၍ လူလေးဦးဒါဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
23:14
Rating: