တောင်ကုတ်မြို့ မှာ မီးလောင်မှုဖြစ်ပွား နေအိမ်တစ်လုံး ဆုံးရှုံး

မီးပလပ်ခုံ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား
တောင်ကုတ် ဒီဇင်ဘာ ၂၄

တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းတွင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် (၇) နာရီ (၄၅) မိနစ် အချိန်တွင် လျှပ်စစ်မီးဝါယာရှော့ဖြစ်ရာမှ လူနေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချောင်းကောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းနေ ဦးမျိုးမြင့်၏ နေအိမ် မီးပလပ်ခုံမှ လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ရာ ဦးမျိုးမြင့်၏ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့သည်။

အဆိုပါ မီးစတင်လောင်ကျွမ်းရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုကိုဦး နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြသန်း တို့မှ အင်အား ၃၀၀ ခန့် ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တောင်ကုတ်မြို့ မှာ မီးလောင်မှုဖြစ်ပွား နေအိမ်တစ်လုံး ဆုံးရှုံး တောင်ကုတ်မြို့ မှာ မီးလောင်မှုဖြစ်ပွား နေအိမ်တစ်လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.