မိတ္ထီလာကားလမ်း မိုင်တိုင် (၂၂)မိုင်/ (၂၂)/(၁)ဖာလုံကြား ထန်းတောကျေးရွာအနီးမှာ နိုဝင်ဘာ(၂) ရက် နံနက် (၁၁) နာရီခန့်က ကျောက်ပန်းတောင်းကနေ မိတ္ထီလာကို ဆိုင်ကယ်စီးနှင်းမောင်းနှင်လာသူ ဝမ်းတွင်းမြို့ ကျောင်းကုန်းရွာနေ မိတ္ထီလာစီးပွားရေး တက္ကသိုလ် အဝေးသင် ဒုတိယနှစ် ကျောင်းသူ မယဉ်မေဦး မောင်းနှင်ပြီး ကျောက်ပန်းတောင်း မကျီးတိုင်းကျေးရွာနေ မြန်မာစာ အဝေးသင် တတိယနှစ် ကျောင်းသူ မဇင်မျိုးခိုင် လိုက်ပါ စီးနှင်းမောင်းနှင်လာတဲ့ အဖြူရောင် ရင်စင်း 110 အမျိုးအစားဆိုင်ကယ်ကို လားရာတူမောင်းနှင်လာတဲ့ ခရီးသည်တင်မှန်လုံကားနဲ့ တိုက်မိတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုတိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မယဉ်မေဦး ဟာ ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှာ လိုက်ပါ လာသူ မမျိုးမင်းပိုင်ဟာ ဒဏ်ရာတွေနဲ့ ဆေးရုံကို သယ်ဆောင်လာပြီး မိတ္ထီလာ ပြည်သူ့ ဆေးရုံ လူနာဌာနရှေ့မှာ သေဆုံးခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်မှန်လုံကားယာဉ်မောင်းကို ရှမ်းမငယ်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်) ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ဆိုင်ကယ်နှင့် ခရီးသည်တင် မှန်လုံကားတိုက်မှု ကျောင်းသူနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:55
Rating:
![ဆိုင်ကယ်နှင့် ခရီးသည်တင် မှန်လုံကားတိုက်မှု ကျောင်းသူနှစ်ဦးသေဆုံး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsPut8rN5SDLvKKYV1xxBqoE5nW-t11vVLRwnM5YcWEhLBpQ0JorCqZRYj_WJkhWXOHRtTCnnD7Qobd3nsYZWE73AMD6VPXocX4xw5bsBo11HzCfUoOzzqtvjOd1QlutJBuU0CX1N9x0r1/s72-c/1.jpg)