Sebastian Kurz သြစတြီးယား နိုင်ငံကို ခေါင်းဆောင်မယ့် အလားအလာ ရှိလာနေပြီ |
APP ဟာ ရှေးရိုးစွဲ ဝါဒီ ကွန်ဆာဗေးတစ်တွေ ဖြစ်ပြီး ဖရီးဒမ်း ပါတီကတော့ သိတ်အင်အား မကြီးဘဲအလွယ်တကူ ခိုလှုံခွင့်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ဆန့်ကျင်တာ ဖြစ်ပါတယ်။
ဒါကြောင့် သြစတြီးယားဟာ ဗဟိုလက်ယာယိမ်းအစိုးရ ဉီးဆောင်တဲ့ အနောက်ဥရောပက တခုတည်းသော နိုင်ငံဖြစ်လာပါပြီ။
အစိုးရသစ် ဖွဲ့နိုင်ရေးအတွက်ဒီနေ့ စနေနေ့မှာ ဆွေးနွေးကြဖို့ ပါတီခေါင်းဆောင်နှစ်ယောက်ကို သြစတြီးယား သမ္မတက ဖိတ်ခေါ်ခဲ့ပါတယ်။
သြစတြီးယားမှာ လူဝင်မှုကိစ္စအပေါ် စိုးရိမ်မှု လွှမ်းမိုးခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပြီး နှစ်လ အကြာမှာ အခုလို ညွှန့်ပေါင်း ဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ သမ္မတက အတည်ပြုမယ် ဆိုရင် အသက်၃၁ နှစ်သာ ရှိသေးတဲ့ မစ္စတာ ခူးထ်စ် ဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင် ဖြစ်လာတော့မှာပါ။
BBC Burmese
http://www.bbc.com/burmese
သြစတြီးယားမှာ ညွှန့်ပေါင်း ဖွဲ့နိုင်ပြီ
Reviewed by THITHTOOLWIN
on
07:09
Rating: