![]() |
ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအား တွေ့ ရစဉ်(ဓာတ်ပုံ-မိုး/ဇလ) |
ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိ လာနိုင်သည်ဟု ခန့်မှန်း ရကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်သော လေဖိအားနည်းရပ်ဝန်းအခြေအနေကို ယနေ့ မြန်မာ စံတော်ချိန် ၁၀ နာရီခွဲတွင် တိုင်းထွာတွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့ အတူ ယနေ့ နံနက် ၁၀ နာရီခွဲ အချိန် ထုတ်ပြန် ချက်များ အရ ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီ အတွင်း ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ ရန်ကုန်မှ ရခိုင် ကမ်းရိုးတန်း တစ်လျှောက် အများအားဖြင့် သာယာမည် ဖြစ်ပြီး လှိုင်းအသင့်အတင့်ရှိမည် ဖြစ်ကြောင်း ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သ ခန့်မှန်းချက်အား ထုတ်ပြန်ထားသည်။
(Xinhua)
http://xinhuamyanmar.com
လေဖိအားနည်းရပ်ဝန်းမှာ ၂၄ နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်
Reviewed by THITHTOOLWIN
on
20:36
Rating:
![လေဖိအားနည်းရပ်ဝန်းမှာ ၂၄ နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTCCb6C3vU_MuNyR0B5daYojt0_8JUqlvbgdg7KFt9qjrBwFP98nPiYcAa6d7kA2bn_XQCl9_CwynsefSpwgnkTwIVBxzh9B3T3K-DZ8ULHTwGmly7SxfS8G_l0f5cBvcp9H8vHwUIzuuG/s72-c/16.jpg)