ရှားပါးသင်းခွေချပ် မှောင်ခိုသမားတွေဟာ ရဲလက်ကနေ လွတ်အောင်ရှောင်ဖို့ လမ်းကြောင်းသစ်တွေ တောက်လျောက်ရှာပြီး သုံးနေတာတွေ့ရတယ်လို့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖေါက်ကားမှု စောင့်ကြည့်ရေးအဖွဲ့နဲ့ အဒယ်လိတ်တက္ကသိုလ်တို့က ပူးပေါင်းထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖေါ်ပြလိုက်ပါတယ်။
နိုင်ငံပေါင်း ၆၇ နိုင်ငံမှာ နယ်ခြားတွေဖြတ်ပြီး သယ်လို့ဖမ်းမိတဲ့ဖြစ်ရပ် ၁၃၀၀ နီးပါးကိုလေ့လာပြီး ထုတ်ပြန်လိုက်တာပါ။ သင်းခွေချပ်နဲ့ အကြေးခွံတွေ တစ်နှစ်ကို အနည်းဆုံးတန်ချိန် ၂၀ လောက် ဖမ်းမိနေတယ်လို့ ဆိုပါတယ်။ အဲဒီလိုသယ်ဖို့ တစ်နှစ်ကို လမ်းကြောင်းသစ် သုံးဆယ်နီးပါး အသုံးပြုနေတယ်လို့ ဖေါ်ပြပါတယ်။
သင်းခွေချပ်အသားကို အရသာရှိတဲ့ဟင်းအဖြစ် တရုတ်နဲ့ဗီယက်နမ်တွေစားကြသလို၊ အကြေးခွံကိုလဲ တိုင်းရင်းဆေးဖေါ်တဲ့နေရာတွေမှာ အသုံးပြုပါတယ်။
အာဖရိကမှာ သင်းခွေချပ် ၄ မျိုး၊ အာရှမှာ မျိုးစိပ် ၄ မျိုးရှိပြီး၊ တရုတ်ကို အများဆုံးမှောင်ခိုသွင်းနေပါတယ်။ အခုဆိုရင် သင်းခွေချပ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်လုနီးနေပြီလို့ ဆိုပါတယ်။
Photo: www.worldwildlife.org
RFA Burmese
https://www.facebook.com/rfaburmese/
သင်းခွေချပ်မှောင်ခိုသမားတွေ လမ်းကြောင်းသစ်များစွာ အသုံးပြု
Reviewed by THITHTOOLWIN
on
22:21
Rating:
