ဒီဇင်ဘာလ ၃ ရက်နေ့ ည 8:45 အချိန်ခန့် တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်း၊ UCT Hotel အနီးတွင် အဖြူရောင်ယာဉ်တစ်စီးမှ ဆိုင်ကယ်တစ်စီးအား တိုက်ပြေးသွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ဦးစိုးမင်းဦး ဘူမိဗေဒ(ကထိက)၊ တောင်ကြီးတက္ကသိုလ်နှင့် ၄င်း၏သမီးဖြစ်သူတို့မှာ သေဆုံးသွားခဲ့၍ တိုက်ပြေးယာဉ်နှင့် ယာဉ်မောင်းတို့အား စုံစမ်းရှာဖွေရန် ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးဇော်အောင် မှ ဦးစီးကြပ်မတ်၍ အဖွဲ့များ ဖွဲ့ ကာ အခင်းဖြစ်သည့်အချိန်မှ စတင်၍ လိုက်လံစုံစမ်းရှာဖွေ ခဲ့ကြသည်။
ရှာဖွေခဲ့ရာ ယနေ့ မနက် 4-12-2017 ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀မိနစ် အချိန်ခန့်တွင် ဒုတပ်ဖွဲ့ခွဲမှူး ဦးဆောင်သော အဖွဲ့မှ အေးသာယာမြို့၊ မုံတဝလမ်းဆုံတွင် အခင်းဖြစ်စဉ်က ယာဉ်အား ထားခဲ့ကာ ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်နေပါကြောင်း သိရှိရပြီး ယာဉ်မောင်းအား ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူ ၏ ဖေ့ဘွတ် ထံမှ သိရှိရပါသည်။
ယွန်းဟန်
Photo - Eagle White FB
သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal/
ကားကို တွေ့ရှိသော်လည်း တရားခံမှာ ဆက်လက်စုံစမ်း စစ်ဆေးနေဆဲ
Reviewed by THITHTOOLWIN
on
10:03
Rating:
![ကားကို တွေ့ရှိသော်လည်း တရားခံမှာ ဆက်လက်စုံစမ်း စစ်ဆေးနေဆဲ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWefo1tf6aBAOEGrk3y-8CVEO9IxbNBGz2MLcvCF2bG3SFAm6dTq1nHkNR6KpaootY7MQajfxyFny5OCMFsq003Ch7MSFFJj943MUQOQEOeqzlmlMV7Pxp5yXjD7hp0e9RsVNvc4iG7s0E/s72-c/4.jpg)