တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းရဲ့ ဘေဂျင်းခရီးစဉ်မှာပါသွားတဲ့ ဓါတ်ပုံ သတင်းထောက်တစ်ဦးကို တရုတ်ရဲတပ်သားတွေကရိုက်နှက်လို့ ဒဏ်ရာအကြီးအကျယ်ရသွားတဲ့အတွက် တောင်ကိုရီးယားအစိုးရက အမျက်ထွက်နေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ တောင်ကိုရီးယားအတိုက်အခံပါတီတွေနဲ့ ပြည်သူတွေကလဲ အစိုးရနဲ့ တသဘော တည်း ရပ်တည်ခဲ့ကြပြီး၊ အာရှအင်အားကြီးတရုတ်က အင်အားသေးတဲ့အိမ်နီးချင်းကို မထေမဲ့မြင်ပြုတဲ့ သဘောဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
ဒီလုပ်ရပ်ဟာ ကိုရီးယားတစ်နိုင်ငံလုံးကို အကြမ်းဖက်တာဖြစ်တယ်လို့ အတိုက်အခံ လစ်ဘာတီ ကိုရီးယားပါတီကပြောလိုက်ပြီး၊ သမ္မတကိုချက်ချင်းပြန်လာဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
သမ္မတ မွန်းဂျေအင်းက တရုတ် ကုန်စည်ပြပွဲသွားတာကို လိုက်သွားတဲ့ အဲဒီတောင်ကိုရီးယား ဓါတ်ပုံသတင်းထောက်ကို တရုတ်ရဲတွေက ကြမ်းပြင်ပေါ်တွန်းချပြီး၊ မျက်နှာတွေရော တစ်ကိုယ်လုံးကိုပါ ကန်ကျောက်ထိုးနှက်လို့ ဖူးယောင်သွားခဲ့ပါတယ်။
ဒါ့အပြင် သမ္မတမွန်းဂျေအင်းဟာ ဘေဂျင်းရောက်ပြီး ထမင်း ၃ နပ်စားပြီးတဲ့အထိ တရုတ်အစိုးရ ထိပ်တန်းပုဂ္ဂိုလ်တွေမပေါ်လာခဲ့သလို၊ တရုတ်ဝန်ကြီးချုပ်နဲ့ နေ့လည်စာ စားဖို့အစီအစဉ်ကိုလဲ တရုတ်က ဖျက်ခဲ့တယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖေါ်ပြပါတယ်။
Photo: http://www.fmprc.gov.cn
RFA Burmese
https://www.facebook.com/rfaburmese/
တောင်ကိုရီးယားသတင်းထောက်ကို တရုတ်ရဲက ထိုးကြိတ်ကန်ကျောက်
Reviewed by THITHTOOLWIN
on
22:23
Rating: