အဘူဂျာ ဒီဇင်ဘာ ၁၆
နိုင်ဂျီးရီးယား အစိုးရတပ်ဖွဲ့များက ဘိုကိုဟာရမ် အကြမ်းဖက် သောင်းကျန်းသူများ၏ နယ်မြေ အတွင်း၌ မကြာသေးမီက ပြုလုပ်ခဲ့ သော နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးအတွင်း ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်ရေး သမား ၂၂ဝ ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဘက်ပြောရေးဆိုခွင့် ရှိသူက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။
ဘိုကိုဟာရမ် အကြမ်းဖက် တိုက်ခိုက်ရေးသမား ၁၆၇ ဦးအား နိုင်ဂျီးရီးယား အစိုးရတပ်ဖွဲ့များက ချဒ်ရေကန်ကြီး ချိုင့်ဝှမ်းဒေသတွင် စီးနင်းမှုများပြုလုပ်စဉ်တွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး အခြား ၅၃ ဦးအား နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘော်နို ပြည်နယ်တွင်း၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြား သည်။
နိုင်ဂျီးရီးယား အစိုးရတပ်ဖွဲ့ဝင် များက ဘိုကိုဟာရမ် သောင်းကျန်းသူ များ၏ မိသားစုဝင်များဖြစ်သည့် အမျိုးသမီး ၆၇ ဦးနှင့် ကလေးငယ် ၁၇၃ ဦးအား ကယ်တင်လွတ်မြောက် စေခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ကယ်တင်ရရှိသော အမျိုးသမီးများနှင့် ကလေးငယ်များ အား နိုင်ဂျီးရီးယားနိုင်ငံတွင်း နေရာ ရွှေ့ပြောင်းနေထိုင်သူများ လက်ခံ ထားရှိသည့်စခန်းမှ တာဝန်ရှိသူ များထံ လွှဲပြောင်းပေးအပ်ရေး အတွက် စီစဉ်မှုများ လုပ်ဆောင်နေ ကြောင်းနှင့် ၎င်းတို့အား ပဏာမ စုံစမ်းစစ်ဆေးမှုများ အပြည့်အဝပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ဂျီးရီးယား အစိုးရတပ်ဖွဲ့များ က ယင်းဒေသများရှိ ဘိုကိုဟာရမ် သောင်းကျန်းသူ အကြွင်းအကျန်များ အား ရှင်းလင်းသည့် စစ်ဆင်ရေးကို အပြင်းအထန်လုပ်ဆောင်နေပြီး မကြာသေးမီကာလအတွင်း နယ်မြေရှင်းလင်းစစ်ဆင်ရေးလုပ်ဆောင်မှုမှ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း နိုင်ဂျီးရီးယားစစ်ဘက် ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။
ဆင်ဟွာ
The Mirror Daily
https://www.facebook.com/TheMirrorDaily
နိုင်ဂျီးရီးယား အစိုးရတပ်ဖွဲ့များက ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမား ၂၂ဝ အား ဖမ်းဆီး
Reviewed by THITHTOOLWIN
on
10:10
Rating:
