မြောက်ကိုးရီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကြောင့် အခုလကျင်းပမယ့် အရှေ့အာရှဖလား ဘောလုံးပြိုင်ပွဲမှာ မြောက်ကိုးရီးယား ဗိုလ်စွဲရင် ဆုကြေးငွေကို ပေးမှာ မဟုတ်ဘူးလို့ ပြိုင်ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဂျပန်ကအိမ်ရှင်အဖြစ် ကျင်းပပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာစတင်မယ့် အရှေ့အာရှဖလားဘောလုံးပွဲ ပထမဦးဆုံးနေ့မှာ မြောက်ကိုးရီးယားအသင်းနဲ့ ပွဲဦးထွက်ကစားရမှာဖြစ်ပါတယ်။
လတ်တလောဖြစ်နေတဲ့ နိုင်ငံတကာအခြေအနေနဲ့ မြောက်ကိုးရီးယားအပေါ် ကုလသမဂ္ဂရဲ့စီးပွားရေး ပိတ်ဆို့မှုကြောင့် အဲဒီဆုကြေးငွေကို မြောက်ကိုးရီးယားအနေနဲ့ ရတော့မှာ မဟုတ်ဘူးလို့ ဂျပန်နဲ့ အရှေ့အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ကိုဇိုတာရှီမာက ပြောပါတယ်။
မြောက်ကိုးရီးယား ဘောလုံးသမားတွေကို ဂျပန်ကိုလာရောက်ယှဉ်ပြိုင်ဖို့ ဗီဇာပေးပြီး အရှေ့အာရှ ချန်ပီယံဖလားပြိုင်ပွဲမှာ အသင်း ၄ သင်းပါဝင်နေတာဟာ အားကစားမှာ နိုင်ငံရေးတွေမပါဘူးဆိုတာ ပြနိုင်တဲ့အခွင့်အရေး ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
နောက်ထပ်ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ တောင်ကိုးရီးယားကလည်း မြောက်ကိုးရီးယားကို ဆုကြေးငွေ မပေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။
အရှေ့အာရှဖလားဘောလုံးပွဲမှာ အနိုင်ရတဲ့ နိုင်ငံဟာ ဒေါ်လာ ၂ သိန်းခွဲရရှိမှာဖြစ်ပြီး အမျိုးသမီး ဘောလုံးပွဲမှာ အနိုင်ရတဲ့အသင်းကတော့ ဒေါ်လာ ၇ သောင်းရမှာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဘောလုံးပြိုင်ပွဲ မှာ မြောက်ကိုးရီးယား ဗိုလ်စွဲရင် ဆုကြေးငွေ ပေးမှာ မဟုတ်
Reviewed by THITHTOOLWIN
on
21:21
Rating: