မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်အနီး၌ အဝေးထိန်းမိုင်း(၁)လုံးတွေ့ရှိ
မူဆယ် ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးဂိတ်အနီး၌ ဒီဇင်ဘာ ၃၁ ရက် နံနက်(၉)နာရီအချိန်ခန့် အဝေးထိန်းမိုင်း(၁)လုံးတွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးဘေး ခြုံဖုတ်အတွင်း၌ အမည်မသိလက်နက်ကိုင်အဖွဲ့၏ထောင်ထားသော အဝေးထိန်း မိုင်းတစ်လုံးကို ဒီဇင်ဘာ (၃၁)ရက် နံနက်က ကုန်တင်ကုန်ချအလုပ်သမားတစ်ဦးမှ တွေ့ရှိခဲ့သဖြင့် နယ်မြေခံတပ်မှ ဒုတပ်ရင်းမှူးသိန်းလိုင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်အကြာင်းကြားသဖြင့် နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ နန်းခမ်းမြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊(၁၀၅)မိုင်ရဲကင်းအဖွဲ့များ၊သတင်းရဲတပ်ဖွဲ့များ၊ မူဆယ်သတင်းရဲတပ်ဖွဲ့များ၊ ကုန်သွယ်ရေးဇုန်မှတာဝန်ရှိသူများ၊ လုံထန်ပြည်သူ့စစ်များ၊ မီးသတ်အဖွဲ့များ၊ ရပ်မိရပ်ဖများအခင်းဖြစ်ပွားရာနေရာသို့ အချိန်မီရာက်ရှိလာခဲ့သည်။
ထို့နောက် ဆားကစ်ပြားဖြူး(၂)ချောင်းပါ ရှေ့ထွက် ရမုအဝေးထိန်း မိုင်းကို အဖွဲ့စုံဖြင့် ကြည့်ရူ့စစ်ဆေးခဲ့ပြီး အဆိုပါမိုင်းအား အောင်မြင်စွာ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ သန့်ဇင်-မူဆယ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်အနီး၌ အဝေးထိန်းမိုင်း(၁)လုံးတွေ့ရှိ
Reviewed by THITHTOOLWIN
on
19:51
Rating: