မြိတ်မြို့တွင် ဒေသပေါက်ဈေး ကျပ်သိန်းပေါင်း(၃၆၂၀)ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇၂၄၀ဝ)ပြားနှင့် လက်နက်နှင့်ကျည်များ ဖမ်းဆီးရမိ
၁၅-၁၂-၂၀၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ပုလဲဒီပါရပ်ကွက်၊ စပါးရွှေဝါလမ်းသွယ်နေ ကျော်ဇေယျ၏ နေအိမ်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့  ည ၁၀ နာရီအချိန်ခန့် က သတင်းအရ ရဲတပ်ဖွဲ့ မှ ၀င်ရောက်ရှာဖွေရှာမှာ ဒေသပေါက်ဈေး ကျပ်သိန်းပေါင်း(၃၆၂၀)ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇၂၄၀ဝ)ပြားနှင့် လက်နက်နှင့် ကျည်များ ဖမ်းဆီးရမိကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ (၁၄.၁၂.၂၀၁၇)ရက်နေ့ (၂၂၀ဝ)အချိန်၊ မြိတ်မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်နှင့် အဖွဲ့သည် အမှတ်(၂)နယ်မြေရဲကင်းမှူး ဒုရဲအုပ် ကျော်ဆန်းဦးနှင့် သက်သေ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပုလဲဒီပါရပ်ကွက် ရာအိမ်မှူးများ လိုက်ပါလျှက် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ပုလဲဒီပါရပ်ကွက်၊ စပါးရွှေဝါလမ်းသွယ်နေ ကျော်ဇေယျ၏ နေအိမ်တွင်မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲနေကြောင်း သတင်းအရ နေအိမ်သို့ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ထိုသို့ဝင်ရောက်ရှာဖွေရာ ကျော်ဇေယျ (၄၂)နှစ်၊ (ဘ)ဦးအောင်ဌေး ၊ စပါးရွှေဝါလမ်းသွယ်၊ ပုလဲဒီပါရပ်၊ ကလွင်ကျေး ရွာအုပ်စု၊ မြိတ်မြို့နေသူအား အသင့် တွေ့ရှိရပြီး ၄င်း၏ ခန္ဓာကိုယ်နှင့် နေအိမ်အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ နေအိမ် အပေါ်ထပ် အနောက် အိမ်သာအခန်းတွင် GIORDANO တံဆိပ်ပါ ခဲ/မဲရောင် ကျောပိုးအိတ်အတွင်း အဝါရောင် တိတ်များဖြင့် ပတ်လျက် အတွင်း အပြာရောင်ကပ်ခွာ အိတ်ဖြင့်ထည့်လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၁၉၈)ပြား၊ အစိမ်း (၂)ပြားပေါင်း (၂၀ဝ)ပြားစီပါ အထုပ်(၅၀)ထုပ်ပေါင်း (၁၀ဝ၀ဝ) ပြားစီပါရှိသော ပါကင်(၅)ပါကင်၊ ပေါင်း(၅၀ဝ၀ဝ)ပြား ၊မိုင်းခံစက္ကူတွင် အကြည်ရောင် တိတ်များဖြင့်ပတ်လျက် ၄င်းအတွင်း အပြာရောင် ပလပ်စတစ်ကပ်ခွာ အိတ် များဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၉၈)ပြား၊ အစိမ်း(၂)ပြား ပေါင်း(၂၀ဝ)ပြားစီပါ အထုပ်(၁၀)ထုပ် ပေါင်း(၂၀ဝ၀) ပြားစီ ပါရှိသော ပါကင်ထုပ်(၄)ထုပ်၊ပေါင်း(၈၀ဝ၀)ပြား၊ ပေါင်းစိတ်ကြွဆေးပြား (၅၈၀ဝ၀)ပြား၊ အဖြူရောင် ကြွပ်ကြွပ်အိတ်အတွင်း သတင်းစာစက္ကူဖြင့် ပတ်ချည်ထားသော အတွင်း၌ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား (၁၉၈)ပြား၊အစိမ်း(၂)ပြား၊ ပေါင်း(၂၀ဝ)ပြားပါ (၁၀)ထုပ်စီပါရှိသော စိတ်ကြွဆေးပြား (၂၀ဝ၀)ပြားပါ အထုပ်(၅)ထုပ်၊ ပေါင်း (၁၀ဝ၀ဝ)ပြား၊ အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်လျက် WY စာတန်းပါပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၁၉၈)ပြား၊ အစိမ်း(၂)ပြား၊ပေါင်း (၂၀ဝ)ပြားစီပါ(၆)ထုပ်၊ ပေါင်း(၁၂၀ဝ)ပြား ၊ပေါင်း စိတ်ကြွရူးသွပ်ဆေးပြား(၁၁၂၀ဝ)ပြားနှင့် ၄င်း၏ နေအိမ်အပေါ်ထပ် အိမ်ခန်းအတွင်းမှ CHOCOLATE တံဆပ်ပါလေးတောင့် သံဗူးခွံအတွင်း မိုင်းခံစက္ကူတွင် အကြည်ရောင်တိတ်များဖြင့် ပတ်လျက်အတွင်း အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထား သော WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈)ပြား၊ အစိမ်းရောင်(၂)ပြား ပေါင်း(၂၀ဝ)ပြားပါ (၁၀)ထုပ်၊ ပေါင်း (၂၀ဝ၀)ပြား၊ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၁၉၈)ပြား၊ အစိမ်းရောင်(၂)ပြား၊ပေါင်း(၂၀ဝ)ပြားပါ (၆)ထုပ်၊ ပေါင်း(၁၂၀ဝ)ပြား၊ ပေါင်းစိတ်ကြွရူးသွပ်ဆေးပြား (၃၂၀ဝ)ပြား၊ စုစုပေါင်း WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား (၇၂၄၀ဝ)ပြား၊ စုစုပေါင်းအလေးချိန်(၇.၂၄) ကီလိုဂရမ်၊ အသုံးပြုပြီးသော ခဲပြားစ(၅)စ၊ အသုံးမပြု ရသေးသော ခဲပြားလိပ်(၁)လိပ်၊ အဝါရောင်ဂစ်မီးခြစ် (၃)လုံး၊ ကော်ဗူးတွင် ပိုက်(၁)ချောင်းတပ်ဆင်ထားသော ဆေးရှူကိရိယာ(၂)ခု၊ သေနတ် နံပါတ်မရှိ ၉မမ LUGER ပစ္စတိုကျည်အိမ်ခွံတပ်လျက် သေနတ်(၁)လက်၊ ၄င်းကျည်(၃၂)တောင့်၊ ၉မမ LUGER ပစ္စတို ကျည်အိမ်အပို(၁)ခု သေနတ်အိတ်ခွံ(၁)ခု၊ ဦးကျော်ဇေယျအမည်ပါ နိုင်ငံသားစီစစ်ရေးကဒ်ပြား(၁)ခု၊ မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသော ငွေဟုယူဆရသော မြန်မာငွေစက္ကူရောရာ (၃)သိန်းကျပ် တို့အား ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
၎င်းအား စစ်မေးရာ သုံးစွဲရောင်းချရန်အတွက် လက်ဝယ် ထားရှိသော မူးယစ်ဆေးဝါးများ ဖြစ်ကြောင်း သိရှိရ၍ မူးယစ်ဆေးဝါးစိတ်ကြွရူးသွပ်ဆေးပြားများအား လယ်ဝယ်ထားရှိပြီး သုံးစွဲ ရောင်းချနေသူ ကျော်ဇေယျ အား မြိတ်မြို့မရဲစခန်း မယ(ပ) ၁၉၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၂(ခ) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
မြိတ်မြို့တွင် ဒေသပေါက်ဈေး ကျပ်သိန်းပေါင်း(၃၆၂၀)ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇၂၄၀ဝ)ပြားနှင့် လက်နက်နှင့်ကျည်များ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
08:35
Rating:
