မွန်ပြည်နယ် ပေါင်မြို့နယ် ကျောက်ရေတွင်းကျေးရွာနေ ဒေါ်နှစ်ထပ်ကြည်၏ အိမ်ခြံထဲတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့် က လူတစ်ဦး သံတူရွင်းဖြင့် အရိုက်ခံရကာ သေဆုံးသွား ကြောင်း သိရပါသည်။
သေဆုံးသူမှာ ဝါဆို(ခ)စောအောင်အောင် ၂၉နှစ် (ဘ) ဦးကျော်လွင် ကျောက်ရေတွင်းရပ်နေသူဖြစ်ပြီး၊ စကားများရာမှ ခြံစည်းရိုးတွင်းတူးသည့် သံတူရွင်းဖြင့် ၎င်းနဲ့တစ်ရွာတည်းနေသူ နိုင်ကြီး(ခ)သက်နိုင်ဝင်း ၃၃ နှစ်(ဘ)ဦးအောင်ထွန်း က ရိုက်နှက်ခဲ့စဉ် ဦးခေါင်း ဒဏ်ရာရကာသေဆုံးခြင်းဖြစ်ကြောင်းသိရသည်။
လောလောဆယ် တရားခံကို ရဲကဖမ်းဆီးထားပြီး လူသတ်မှုပုဒ်မ ၃၀၂ အရပေါင်ရဲစခန်းမှာအမှုဖွင့် စစ်ဆေးနေသည်ဟု သိရသည်။
Paung Daily
ပေါင်မြို့ ကျောက်ရေတွင်းကျေးရွာတွင် လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
16:51
Rating:
