ခမာဘုရင်တွေ ခေတ်က လက်ဝတ်ရတနာတွေ |
သရဖူ တခု၊ နားတောင်းနဲ့ လက်ကြပ် ရင်စည်းတွေ ပါတဲ့ ပစ္စည်း ဆယ်မျိုးပါ လက်ဝတ် ရတနာတွေကို လန်ဒန်မှာ ရောင်းချဖို့ မနှစ်က ကြော်ငြာတာကို ကမ္ဘောဒီးယား အစိုးရက သတိထားမိခဲ့တာပါ။
အဲဒီနောက် လက်ဝယ် ပိုင်ဆိုင်ထားသူကို ပြန်လည် ပေးအပ်ဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။
သရဖူ တခု၊ နားတောင်းနဲ့ လက်ကြပ် ရင်စည်းတွေ ပါ |
အခု ပြန်ရတဲ့ ရတနာတွေကို ဖနွမ်းပင် မြို့တော်က အမျိုးသား ပြတိုက်မှာ အထူးကာကွယ် ပြုလုပ်ထားတဲ့ မှန်တွေနဲ့ ကာပြီး ပြသမှာ ဖြစ်ပါတယ်။
အမျိုးသား ပြတိုက်ကို အခမ်းအနားနဲ့ ဆောင်ကြဉ်း |
ဒီရတနာတွေ ပြန်သယ်ဆောင်လာတာကို လေဆိပ်မှာ လုံခြုံရေး အစောင့်အကျပ်တွေနဲ့ ကြိုဆိုခဲ့ပြီး လူရာချီ ကြည့်ရှုခဲ့ကြပါတယ်။
အနောက်တိုင်း ပြတိုက်တွေနဲ့ ပုဂ္ဂလိက စုဆောင်းသူတွေ လက်ထဲက နိုင်ငံရဲ့ ပျောက်ဆုံး နေတဲ့ အနုပညာ အမွေအနှစ်တွေကို ဒီနှစ်ပိုင်းတွေ အတွင်း ကမ္ဘောဒီးယားက ပြန်ပြီး ရယူနိုင်ခဲ့ ပါတယ်။
ကမ္ဘာကျော် အန်ကောဝပ် ကျောင်းတော် |
၂ဝ၁၅ တုန်းကလည်း ဟာနုမာန် မျောက်ရုပ်တု ကို အမေရိကန်က ကလိဗလန်း အနုပညာ ပြတိုက်က ပြန်ပေးပါတယ်။
ဓာတ်ပုံ မူပိုင် TANG CHHIN SOTHY
Image caption ခမာဘုရင်တွေ ခေတ်က လက်ဝတ်ရတနာတွေ
BBC Burmese
http://www.bbc.com/burmese
အန်ကောဝပ်က ရတနာပြန်တွေ့
Reviewed by THITHTOOLWIN
on
07:05
Rating: