ကျိုက်ထီးရိုးစေတီတောင်တက် ကေဘယ်လ်ကား ဒီဇင်ဘာ ၁၅ ရက် ဖွင့်ပွဲနေ့တွင် ခရီးသွားပြည်သူများအား ၁ ရက်တာ အခမဲ့ ပို့ဆောင်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော်တွင် ဒီဇင်ဘာ ၁၅ ရက်က ကေဘယ်လ်ကားပြေးဆွဲမှု ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ဘုရားဖူးပြည်သူများအား အခမဲ့ တစ်ရက်တာ လိုက်ပါ စီးနင်းခွင့် ပြုခဲ့ကြောင်း သိရှိရသည်။
ကျိုက်ထီးရိုးစေတီတော်သို့ ကောင်းကင် ကေဘယ်လ်ကားဖြင့် တက်ရောက်ဖူးမြော်နိုင်ရန် ဆောင်ရွက်လျက်ရှိ ရာ လုပ်ငန်းအားလုံးပြီးစီးခဲ့သဖြင့် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူများအား ကေဘယ်လ်ကားနှင့် မိတ် ဆက်သည့်အနေဖြင့် တစ်ရက်တာ အခမဲ့စီးနင်းခွင့်ပေးခြင်းဖြစ်ကြောင်း Sky Asia ကုမ္ပဏီမှ Safety & Security Officer ကိုနောင်ရဲအောင်က ပြောသည်။
"ဖွင့်ပွဲပြီးသွားတာနဲ့အများပြည်သူတွေကို အခကြေးငွေမယူဘဲ တစ်ရက်လုံးမောင်းနှင်ပေးသွားမှာပါ။ နောက်ပိုင်း ရက်တွေမှာဆိုရင်တော့ နံနက်(၆)နာရီကနေ ညနေ(၆)နာရီအထိ ဖွင့်လှစ်ပြေးဆွဲပေးသွားမယ်။ ကေဘယ်လ် ကားစီးနင်းနေတဲ့အချိန်မှာလည်း အများပြည်သူ လုံခြုံစွာစီးနင်းလိုက်ပါနိုင်ဖို့ စီစဉ်ထားတာတွေရှိပါတယ်။ ကေ ဘယ်လ်စီးမယ့် ဘုရားဖူးပြည်သူတွေအဖို့တော့ အထုပ်အပိုးတွေပါရင်တော့ နည်းနည်းခက်ခဲမှာပေါ့နော်။ အ ဆင်ပြေနိုင်တာက တည်းခိုမယ့်နေရာကိုရောက်ပြီးမှ အပျော်တမ်းအနေနဲ့ရှုခင်းတွေကြည့်မယ်၊ ရသေ့တောင် ဘုရားတွေဖူးမယ်ဆိုရင်တော့ ပိုအဆင်ပြေနိုင်မှာပါ။''ဟု ကိုနောင်ရဲအောင်ကပြောသည်။
ကေဘယ်လ်ကားဖွင့်လှစ်ခြင်းဖြင့် ရသေ့တောင်ဝန်းကျင်ပြန်လည်စည်ပင်လာပြီး ဒေသခံများ အလုပ်အကိုင်ပြန် လည်ရရှိလာနိုင်သောကြောင့် ဒေသခံများ၏ဝင်ငွေများ အထိုက်အလျောက်တိုးလာနိုင်ကြောင်း ကိုနောင်ရဲအောင်က ဆက်ပြောသည်။
ကောင်းကင်ကေဘယ်လ်ကားစီးနင်းမည့် ဘုရားဖူးပြည်သူများအနေဖြင့် ကျိုက်ထီးရိုးတောင်ခြေမှ ရသေ့တောင် ထိ တောင်တက်ကားဖြင့် တက်ရောက်ပြီး ရသေ့တောင်မှတဆင့် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်နားအထိ ကောင်းကင်ကေဘယ်လ်ကားဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
"ကေဘယ်လ်ကားကို တစ်ခါမှ မစီးဖူးဘူး။ ဒီနေ့မှာ အခမဲ့စီးရတော့ လာစီးကြည့်တာ ကြောက်လည်းကြောက် တယ်၊ ရင်လည်းခုန်တယ်၊ ပျော်လည်းပျော်တယ်။ နောက်တစ်ခေါက် ကျိုက်ထီးရိုးရောက်ဖြစ်ရင်တော့ လာစီးဦး မှာပါ။''ဟု ရန်ကုန်မြို့နေ မသူဇာခင်က ပြောသည်။
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကေဘယ်လ်ကားလည် ပတ်ရန် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးများ၊ ဘုရားဖူးပြည်သူများက ကေဘယ်လ်ကားကို လိုက်ပါစီးနင်း ခဲ့ကြကြောင်း သိရသည်။
ကေဘယ်လ်ကား တစ်တွဲလျှင် လူ(၈)ဦးအထိ စီးနင်းနိုင်မည်ဖြစ်ပြီး၊ အများဆုံးကြာချိန်မှာ (၈)မိနစ်မှ (၁၅)မိနစ် အတွင်းရှိမည်ဖြစ်ရာ တစ်နေ့လျှင်လူဦးရေ(၂၀၀၀၀)အထိ ပို့ဆောင်ပေးနိုင်မည်ဖြစ်ပြီး ကေဘယ်လ်ကားစီးနင်းခ အဖြစ် နိုင်ငံခြားသားတစ်ဦးလျှင်(၁၀)ဒေါ်လာ၊ မြန်မာနိုင်ငံသားတစ်ဦးလျှင်ကျပ်(၃၀၀၀)သတ်မှတ်ထားကြောင်း သိရသည်။
ကေဘယ်လ်ကားလိုက်ပါစီးနင်းနေစဉ် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာနိုင်ခြေများအတွက် စီးနင်းလိုက်ပါသူ များ၏ အသက်အာမခံကို IKBZ နှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ကေဘယ်လ်ကားစီမံကိန်းအား Sky Asia ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှစတင်၍ ကျိုက်ထီးရိုးတောင် ဘေးမဲ့တော မြေ(၁၃.၅)ဧကပေါ်တွင် အမေရိကန်ဒေါ်လာသန်း(၂၀)ကျော်ရင်းနှီးမြုပ်နှံ၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကျိုက်ထီးရိုးစေတီတောင်တက် ကေဘယ်လ်ကား ဒီဇင်ဘာ ၁၅ ရက် ဖွင့်ပွဲနေ့တွင် ခရီးသွားပြည်သူများအား ၁ ရက်တာ အခမဲ့ ပို့ဆောင်
Reviewed by THITHTOOLWIN
on
17:46
Rating:
